ခေတ်မီပြဇာတ်များ

( 1 မှတ်ချက်)

2500 (ကျပ်)

စာမျက်နှာ

230

စာအုပ်အရွယ်အစား

5.5 x 0.6 x 8 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2017 ဇူလိုင်လ (ဒု-ကြိမ်)

11 in stock

ခေတ်မီပြဇာတ်များ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Win Naung

    တကယ်ကောင်းတဲ့ စာအုပ်လေးမို့ ဖတ်ကြည့်စေချင်ပါတယ် ။လူငယ်တိုင်းဖတ်သင့်တဲ့ စာအုပ်ပါ ။
    စာအုပ်ထဲမှာ ပြဇာတ်ခြောက်ပုဒ်ပါပြီး တစ်ပုဒ်စီတိုင်းမှာ လူ့ဘောင်လောကက ဖြစ်ပျက်နေတဲ့ ဖြစ်ပျက်နေဆဲ ပြဿနာတွေ၊ လူ့သဘောတွေကို ချက်ကျလက်ကျရေးသားထားပါတယ်။ဝန်ကြီးချုပ်တဖြစ်လဲ စာရေးဆရာဦးနု က နိုင်ငံရေးအကြောင်းကိုနှံ့စပ် သိမြင်တဲ့အပြင် သဘောထားပြည့်ဝတဲ့သူ စာနာတတ်တဲ့သူ လုပ်ခဲ့တဲ့အမှားတွေကို ချပြရဲပြီး ပြန်ပြင်တဲ့သူ ဆိုတာ ဒီစာအုပ်ဖတ်ပြီး သိလိုက်ရလို့ အတော်လေး လေးစားအားကျရပါတယ်။
    ဦးနုကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးလောက က အမျိုးကိုချစ်ပါရဲ့ သနားပါရဲ့လို့ ပြောနေပီး သူတို့ကိုယ်တိုင်က ဘဝနိမ့်ပါးတဲ့ မြန်မာအမျိုးသမီးလေးတွေကို ဖျက်ဆီးတဲ့ မျိုးချစ်ကြောင်သူတော်တွေအ‌ကြောင်း ၊ အရင်က သူကိုယ်တိုင်ကလဲ အများရှေ့မှာ လူကြီးလူကောင်းယောင်ဆောင်တတ်ရင် သမာဓိရှိတယ်လို့ထင်ဖူးကြောင်း၊ အမှားတချို့လုပ်ခဲ့ဖူးကြောင်းဝန်ခံထားပါတယ် သူတို့ခေတ်သူတို့ခါက ဖြစ်ပျက်ခဲ့တဲ့ သူတွေ့ကြုံဖူးတဲ့ အမှားတွေ မကောင်းတဲ့ အကျင့်တွေကို နောင်လူငယ်တွေ ဆင်ခြင် သုံးသပ်ပြီး စာနာမှုတွေ မေတ္တာတရားတွေနဲ့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း၊ စိတ်ဓာတ်ပြည့်ဝတဲ့ နိုင်ငံသားတွေဖြစ်လာစေဖို့ ရည်ရွယ်ရေးသားခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။
    ပြဇာတ်တစ်ပုဒ်စီတိုင်းမှာ သူ့အကြောင်အရာနဲ့သူမို့ စုံလင်လှသလို ပြဇာတ်တိုင်းမှ အညွှန်းတွေပါတာမို့ တစ်အုပ်ထဲနဲ့တင် အရသာစုံလင်လှတဲ့ ဆယ့်နှစ်မျိုးဟင်းချိုလို အရသာရှိလှပါတယ်။
    ဖတ်ဖြစ်အောင် ဖတ်ကြပါလို့ ပြောချင်ပါတယ် …

    ?

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဦးနု စာအုပ်များ