ခင်ပြုံးစိန်အတွက် သီဖြစ်တဲ့ဒိုင်ယာရီ (20% OFF)
2000 (ကျပ်)
ခင်ပြုံးစိန်သည် အဝေးက မျှော်ရပုံနှင့် မတူတော့။ အနီးကပ်ကြည့်လေတော့မှ အလှက ပိုပီပြင်လာသည်။ ပြုံးမြမြ နှုတ်ခမ်းလွှာများကြားက ရယ်သံကို ပြင်ပမှ ကြားရသလို ကျွန်မ ထင်နေသည်။ သနပ်ခါး ပါးကွက်လေးတွေကလည်း တို့လိုက်ထိလိုက်ရုံနှင့် မွှေးရနံ့ ကပ်ငြိလာတော့ မလို့ပါ။
ပန်းချီကားချပ်ထဲက လွင့်ပျံဖိန်စင်လာသော ခင်ပြုံစိန်နှင့် ချစ်ရသူတို့၏ ဂီတသံများက ကျွန်မကို ပြုံးစေသည်။ ချစ်သမျှ… ချစ်သမျှကို…။ အပြန်အလှန် ဝှက်သော ချစ်ခြင်းမေတ္တာ စကားထာများက ပျောက်ဆုံးလက်စ ကြည်လင်ရွှင်ပျမှုကို ကျွန်မထံ ပြန်လည် ဆောင်ကြဥ်းလာသည်။ သူတို့ထံက စိမ့်ဝင်လာသော နုပျိုလန်းဆန်းမှု၊ နွေးထွေးမှု၊ မေတ္တာတရားက ကျွန်မအနီးက စံကားဝါပင် အထက်မှာ….။ (ဆရာမ စံပယ်ဖြူနု၏ အမှာစာမှ)
စာမျက်နှာ | 107 |
---|---|
စာအုပ်အရွယ်အစား | 4.9 × 0.3 × 7.3 inches |
ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2021 နိုဝင်ဘာလ၊ (ပထမ-ကြိမ်) |
9 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ