ခေါ်နုစုမ်မှ ပန်းမုဆိုး

( 0 မှတ်ချက်)

8000 (ကျပ်)

ကမ္ဘာကျော်ရုက္ခဗေဒပညာရှင်(Famous Botanist) သစ်ပင်ပန်းမန် ရှာဖွေရေးပါရဂူ(Plant Hunter) ဗြိတိသျှလူမျိုးမစ္စတာအက်(ဖ်)ကင်းဒါန်းဝါ့ (ဒ်)(F.Kingdon-Ward) တို့ဇနီးမောင်နှံသည် ၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက် ရှိလာကြပြီး ချင်းဝိသေသတိုင်းတောင်ပိုင်း၊ ကန်ပက်လက်တွင် ”ခေါ်နုစုမ်” တောင်မြင့်တောင်တန်းများပေါ်ဝယ် တစ်နှစ်နီးပါးခန့်မျှ ရုက္ခဗေဒပညာရပ် သု တေသနပြုစုသွားကြသည်။ စာရေးသူလည်း သူတို့နှင့်အတူလိုက်ပါသွားခဲ့သည်။ ၁၉၅၃ ခုနှစ် ကစ၍ သူတို့ဇနီးမောင်နှံနှင့်အတူကချင်ပြည်နယ် မေလိခနှင့်မေခမြစ်နှစ်သွယ် ကြား တြိဂံဒေသ ပေ ၁၀၀၀၀ ကျော်မြင့်သော တောင်မြင့်ကြီးများပေါ်သို့ နွေ၊ မိုး၊ ဆောင်းဥတုသုံးရာသီစလုံး အကြိမ်ကြိမ်တက်ရောက်၍ ရုက္ခဗေဒသုတ သနလုပ်ငန်းများပြုစုလုပ်ကိုင်ခဲ့ကြရသည်။ ၁၉၅၉ ခုနှစ် နိုဝင်ဘာနှင့်ဒီဇင်ဘာလများတွင်လည်း အမေရိကန် ပြည်ထောင်စု၊ နယူးဟေဗင်မြို့ (New Havan)၊ ယေ(လ်)တက္ကသိုလ် (Yale University)၊ ပေဗိုဒီပြတိုက် (Peabody Museum) မှ မစ္စတာအိုလီဗမာမီလ်တန် နှင့် ဒေါက်တာအာရ်ဒီအက်(စ်)တီး (စ်)တို့သည် မြန်မာနိုင်ငံအတွင်း တောရိုး သတ္တဝါများ ထိန်းသိမ်းရေးအတွက် သုတေသနပြုရန်ရောက်ရှိလာကြရာ သူတို့ နှင့်အတူစစ်ကိုင်းတိုင်း၊ နာဂတောင်တန်းရှိ ”စာရာမေတိ”တောင်ပေါ်သို့ တက် ရောက်၍ ရုက္ခဗေဒသုတေသနပြုစုခဲ့ရပြန်ပါသည်။ ယခုစာအုပ်သည် ချင်းပြည်နယ်ရှိ ”ခေါ်နုစုမ်”တောင်ပေါ်၌ပြုလုပ်ခဲ့သည့် ရုက္ခဗေဒ သုတေသနလုပ်ငန်းများကို ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ ချင်းပြည်နယ်တောင်ပိုင်း ”ခေါ်နုစုမ်”တာင်တန်း၊ တောင်ကြော၊ တောင်စွယ်တစ်လျှောက်ရှိ လောကအသွင်ကို စာရေးသူ၏အမြင်ဖြင့် အလှဆင်ထားပါသည်။ စာပေနှင့်အနုပညာသမ္ဘာမရင့်သေးသူ၏ လက်ရာကို လေ့လာဖတ်ရှုပြီး မိမိလည်း ”ပန်းမုဆိုး”အဖြစ်စမ်းသပ်ကြည့်လိုစိတ် ဖြစ်မိပါမူ စာရေးသူအနေဖြင့် ကြိုတင်ကြည်နူးဝမ်းမြောက်နေမည်ဖြစ်ကြောင်း မှတ်ချက်ပြုထားပါသည်။

စာမျက်နှာ

400

စာအုပ်အရွယ်အစား

5.2 × 0.8 × 8.5 inches

ပုံနှိပ်မှတ်တမ်း

ကိုနေ(မန်း)စာပေ၊ 2021 ဒီဇင်ဘာလ (ပ-ကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ခေါ်နုစုမ်မှ ပန်းမုဆိုး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ချစ်ကိုကို စာအုပ်များ