ခပ္ပရာအိပ်မက်

( 0 မှတ်ချက်)

1500 (ကျပ်)

ခပ္ပရာ အိပ်မက်ဟာ စာရေးဆရာ “ဆင်လှ” ကိုယ်တိုင် တွေ့ကြုံပြီး ကြိုးစားရုန်းကန်ခဲ့ရတဲ့အကြောင်းတွေကို စိတ်ဝင်စားဖွယ်ရေးသားထားတဲ့ အခန်းဆက် ဆောင်းပါးရှည်ကြီးပါ။ ကချင်ပြည်နယ်ဖက်မှာ လော်ပန်တစ်ယောက်ရဲ့ ကျောက်လုပ်ကွက်ကိုယ်စားလှယ်အဖြစ် လုပ်ရင်းကိုင်ရင်း၊ သူတွေ့ရကြုံရ ရင်ဆိုင်ဖြေရှင်းခဲ့ရတာတွေ၊ စိတ်ပျက်အားငယ်ရတာတွေ၊ မျှော်လင့်စောင့်စားခဲ့တာတွေကို ပတ်ဝန်းကျင် ရေမြေသဘာဝနဲ့ တိုင်းရင်းသားတွေရဲ့ လူနေမှုစရိုက်တွေပါ ဖော်ပြရင်း သွက်သွက်လေးရေးထားတယ်။ ပြီးတော့ လူတွေရဲ့ လောဘစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်တွေကို ထောက်ပြဝေဖန် ရှုတ်ချခဲ့တယ်။ ဒီကြားထဲ ငိုအားထက် ရယ်အားသန်ရတဲ့ ကမောက်ကမဖြစ်ရပ်လေးတွေကို ရေးပြဖို့လည်း သူမမေ့ဘူး။ မူးယစ်ဆေးဝါး စွဲနေကြတဲ့ လူကြီး၊ လူလတ်၊ လူငယ်တွေအကြောင်းတွေကို ရေးပြဖို့လည်း သူချန်မထားခဲ့ဘူး။ လူလူချင်း လှည့်ပတ်ခြင်းကင်းအောင် သူမီးမောင်းထိုးပြတယ်။ စီးပွားရေးသမားတွေရဲ့ ဖျံကျမှု၊ ကလိမ်ကကျစ်လုပ်မှုတွေကို သရော်တယ်။ အဆုံးမှာတော့ အဆင်မပြေမှုတော်တော်များများဟာ ပြည်တွင်းငြိမ်းချမ်းရေးမရှိလို့ ဖြစ်ကြောင်း သူကောက်ချက်ချပါတယ်။

ဒေါက်တာခင်မောင်လတ်(ရွှေမြန်မာ) အမှာစာမှ ကောက်နှုတ်ဖော်ပြချက်.

စာမျက်နှာ

102

စာအုပ်အရွယ်အစား

5.2 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ ၂၀၂၀ ခုနှစ် ၊ ဩဂုတ်လ

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ခပ္ပရာအိပ်မက်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဆင်လှ စာအုပ်များ