ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ

( 1 မှတ်ချက်)

4000 (ကျပ်)

ယခုစာအုပ်မှာ နေ့စဉ်စိန်ခေါ်မှုများ နှင့် ဖြတ်သန်းနေကြသောသူများ၊ ဆင်းရဲဒုက္ခ ပြဿနာများနှင့် ကြုံတွေ့ရင်ဆိုင်နေရသူများ၊ ဆင်းရဲ ကျပ်တည်းမှုများ နှင့် မကြုံရသေးသောသူများ အတွက် ဘ၀ကို ရှုထောင့်အသစ်တစ်မျိုးနှင့် ရှုမြင်တတ်စေပြီး လမ်းကြောင်းမှန်ပေါ်သို့ရောက်ရှိစေမည့် စာအုပ်ကောင်းတစ်အုပ် …

စာမျက်နှာ

၂၄၂

စာအုပ်အရွယ်အစား

5.3 x 0.၄ x 8.2

ပုံနှိပ်မှတ်တမ်း

အိပ်မက်ရိပ်စာပေ၊ 2020 မတ်လ (ဒု – ကြိမ်)

Out of stock

ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Swan Arr Kyaw Zan (verified owner)

    အခုလို အခက်အခဲအကျပ်အတည်းကာလမှာပဲဖြစ်ဖြစ် တစ်ယောက်ချင်းရဲ့ အခက်အခဲဖြစ်နေချိန်မှာဖြစ်ဖြစ် စိတ်ဓာတ်ကြံ့ခိုင်နေရုံ ၊ ဘဝတိုးတက်အောင် ကြိုးစားအားထုတ်ရုံနဲ့မပြီးဘဲ စိတ်အေးချမ်းဖို့ ၊ ပျော်ရွှင်တတ်ဖို့ နဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားရှင်သန်နေထိုင်တတ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ (အထူးသဖြင့် အခုခေတ် မြန်မာပြည်က လူတွေပါ။)

    ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ပျော်အောင်နေတတ်ဖို့ လိုတယ်။ ပျော်စရာရှာတတ်ဖို့လည်း လိုတယ်။ စိတ်အေးချမ်းမှုနဲ့ ရှင်သန်တတ်ဖို့ လိုတယ်။

    အခက်အခဲအကျပ်အတည်းအချိန်မှာ ဘယ်လိုစိတ်ထားနဲ့ ဘယ်လိုရင်ဆိုင်ကြဖို့နဲ့ ငွေကြေးစီမံခန့်ခွဲတဲ့အကြောင်းကို မူရင်းစာရေးသူ Andrew Matthews ရဲ့ Happiness In Hard Times စာအုပ်ကို ဆရာမကြီးခင်စောတင့်က “ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ” နာမည်နဲ့ မူရင်းတစ်အုပ်လုံးအပြည့်အစုံ ဘာသာပြန်ထားတာပါ။

    ခက်ခဲနေချိန်မှာ အခြေအနေကို လက်ခံတတ်ဖို့၊ အခြေအနေကို အောင်နိုင်ဖို့၊ တွေးပုံခေါ်ပုံကအစ ပြောင်းလဲဖို့၊ ခက်ခဲချိန်မှာ စိတ်ထားတတ်ဖို့၊ မသိစိတ်တွေ ပြုပြင်တတ်ဖို့ လမ်းညွှန်ထားတယ်။

    ဇာတ်လမ်းသာဓကတွေက တော်တော်အရမ်းများလို့ ဖတ်ရတကယ်ရှုပ်ပါတယ်။ (ကျနော့်အနေနဲ့ ဖတ်ရအဆင်မပြေပါဘူး။) သဘောအကျဆုံးက အယ်လီဆန်ရဲ့ ဘဝဇာတ်ကြောင်းပါ။

    ဘာပဲပြောပြော အခက်အခဲပြဿနာဘယ်လောက်ကြုံရပါစေ ရင်ဆိုင်ဖို့ ၊ စိတ်ရှည်သည်းခံဖို့ပါ။ ဘယ်တော့မှ အရှုံးမပေးကြပါနဲ့။ ဘာဖြစ်ဖြစ် တစ်နေ့တော့ ကောင်းလာမှာပါဆိုတဲ့စိတ်ကိုမွေးဖို့ပါပဲ။

    စွမ်းအားကျော်ဇံ

    #ခက်ခဲကျပ်တည်းသောအချိန်မှာစိတ်ချမ်းမြေ့စရာ
    #ခင်စောတင့်
    #Happinessinhardtimes #Andrewmatthews

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ခင်စောတင့် စာအုပ်များ