
ခမာနီတွေရက်စက်ခဲ့သမျှ
6000 (ကျပ်)
ယခုစာအုပ်သည် လွန်းအန်းဆိုသူကမ္ဘောဒီးယား မိန်းကလေးတစ်ဦး၏ မမေ့နိုင်စရာ အတိတ်ဇာတ်ကြောင်းဖြစ်သည်။ ၁၉၇၅ ခုနှစ် ဧပြီတွင် ပိုပေါ့၏ ခမာနီစစ်တပ်က ဖနွမ်းပင်မြို့ထဲ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လွန်းတို့မိသားစုလည်း အိမ်ပစ်ယာပစ် ထွက်ပြေးခဲ့ကြသည်။ နောက်ဆုံးတွင် အသက်ရှင်ရေးအတွက် မိသားစုတစ်စုလုံး မဖြစ်မနေလမ်းခွဲပြီး တစ်ယောက်တစ်နေရာစီ ထွက်သွားခဲ့ကြရသည်။ လွန်း ကား ကလေးစစ်သားတစ်ယောက်အဖြစ် သင်တန်းတက်ခဲ့ရသလို သူ့အကို၊အစ်မများသည်လည်း အလုပ်ကြမ်းစခန်းများသို့ စေလွှတ်ခံခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သည့် ထိုကလေးများမှာ ဗီယက်နမ်တပ်များ ကမ္ဘောဒီးယားနိုင်ငံထဲထိုးဖောက်ဝင်ရောက်ပြီး ခမာနီတို့ကို တိုက်ခိုက်ချေမှုန်းခဲ့ပြီးနောက်မှသာ ပြန်လည်ဆုံစည်းခွင့်ရခဲ့ကြသည်။
အသက်ငယ်သော်လည်း အကြောက်တရားကင်းမဲ့သည့် လွန်း၏ ဖွင့်ဟချက်များ၊ တစ်ဖက်စီးနင်းဖြစ်နေသည့် ကံကြမ္မာဆိုးများကို အလျှော့မပေးပဲ ရှင်သန်လွတ်မြောက်ခဲ့သည့် မိန်းကလေးတစ်ဦး၏ တုန်လှုပ်ချောက်ချားစရာ၊ ကြေကွဲဝမ်းနည်းစရာ ဘ၀ဇာတ်ကြောင်းကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမည့် စာအုပ်ကောင်းတစ်အုပ်..။
စာမျက်နှာ | 484 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.7 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | ဆုပြည့်စုံထွန်းစာပေ၊ 2019 ဒီဇင်ဘာလ၊ (ပအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ