ခပ်ညံ့ညံ့ပဲကောင်းပါတယ်

( 0 မှတ်ချက်)

6000 (ကျပ်)

ဒီဝတ္ထုလေးကို ၁၉၈၃ခုနှစ်၊ စက်တင်ဘာလမှာ ပထမအကြိမ်အဖြစ် စတင်ပြီး ထုတ်ဝေခဲ့ပါတယ်။ ဝတ္ထု၏ သက်တမ်းအားဖြင့် အနှစ် ၄၀ ခရီးကို လျှောက်လမ်းလာပါပြီ။တစ်ချိန်က ရုပ်ရှင်အဖြစ် * ကမ္ဘာကြီးက လှပါတယ် * ဆိုတဲ့အမည်နဲ့ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။မကြာမီအချိန်အတွင်းမှာလည်း ရုပ်သံဇာတ်လမ်းတွဲအဖြစ် တင်ဆက်တော့မယ့် ဝတ္ထုတစ်ပုဒ်ပါ။ဒီဝတ္ထုဟာ ရန်ကုန်တက္ကသိုလ်ကြီးကို နောက်ခံထား ရေးဖွဲ့ထားပြီး အဲဒီခေတ် အဲဒီအချိန်က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတို့ရဲ့တစ်ဉီးအပေါ်တစ်ဉီး စောင့်စည်းထိန်းသိမ်းကြတဲ့လူမှုစံထားတွေက အလွန်ပဲ ချစ်စရာ ကောင်းလှပါတယ်။

သူငယ်ချင်းဖြစ်သူ ရည်ရွယ်ထားတဲ့ မိန်းမလေးကို ချစ်မိသွားတဲ့ နိုးတူး။မိန်းကလေးတစ်ယောက်ကိုစွဲစွဲလမ်းလမ်း ချစ်မိနေပေမယ့်သူငယ်ချင်းအပေါ်သစ္စာဖောက်ရာကျမှာစိုးလို့ သူ့အချစ်ကို ဖွင့်ဟဖို့ ခက်နေတဲ့ နိုးတူး။မိန်းမတစ်ယောက်အတွက်နဲ့ ကိုယ့်သူငယ်ချင်းကိုရန်သူလုပ်ပစ်တာကယောက်ျားကောင်း မဟုတ်ဘူးလို့ ပြောလာတဲ့ အလှဘုရင်မလေး မိခိုင်။ စိတ်နဲ့ ဖောက်ပြန်တာလဲ မနောကံမှာ အပြစ်ရှိတာပဲလို့ စွပ်စွဲလိုက်တဲ့ အချစ်ကြီးသူကြီး ရာဇာနိုင်။ ဘာပြဿနာပဲဖြစ်ဖြစ် ဘယ်လိုပဲကြုံကြုံ မင်းနဲ့ ငါနဲ့က သူငယ်ချင်းပဲဟာ။သူငယ်ချင်းအချင်းချင်း သူငယ်ချင်းလို ရှင်းလို့ရတယ်လို့ ထုတ်ဖော်ပြော ဆိုလာတဲ့ နိုးတူး။သူချစ်နဲ့ ကိုယ်ချစ်တို့ရဲ့ သဘောတရားတွေ၊သူငယ်ချင်းဆိုတဲ့ စိတ်ခံစားမှုတွေကို စာရေးသူက ဘယ်လို အဓိပ္ပါယ်ဖွင့်ထားသလဲဆိုတာတော့ဒီဝတ္ထု လေးကို ဖတ်ကြည့်မှ သိရပါလိမ့်မယ်။ပေးရတဲ့ငွေ၊ ပေးရတဲ့အချိန်နဲ့ထိုတ်တန်တယ်လို့ အာမခံပါတယ်။

စာမျက်နှာ

250

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ကောင်းဆုသာစာပေ၊ 2022 အောက်တိုဘာလ (တတိယအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ခပ်ညံ့ညံ့ပဲကောင်းပါတယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နွမ်ဂျာသိုင်း စာအုပ်များ