ကောင်းကင်ရဲ့ဥပဓိ

( 0 မှတ်ချက်)

3000 (ကျပ်)

ကောင်းကင်ရဲ့ ဥပဓိမှာ အက်ဆေး ၂၂ပုဒ်ပါပြီ မဟေသီ၊ ရနံ့သစ်၊ မြားနတ်မောင်၊ ရွှေအမြုတေ၊ ရွက်နုဝေ၊ စတိုင်သစ်၊ အတွေးအမြင်၊ idea နဲ့ beauty မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့တဲ့ စာတွေကိုရွေးချည်စုစည်းထားတာဖြစ်ပါတယ်။

သူ့ရဲ့ အက်ဆေး ၂၂ပုဒ်စလုံးကို ပြန်လည်ဖတ်ရှုပြီးတဲ့အခါ အက်ဆေးတစ်ပုဒ်ချင်းရဲ့ ကိုယ်ရည်ကိုယ်သွေးဖြစ်တဲ့ အလင်္ကာ အရိပ်လက္ခဏာများနဲ့ သူ့ရဲ့ စာဖတ်အတွေ့အကြုံတွေထဲက လှပတောက်ကြွတဲ့ အပြောက်အမွမ်းတွေကို ပြတ်ပြတ်ထင်ထင် တွေ့ရပါတယ်။ တချို့အက်ဆေးတွေမှာ အခိုင်အလုံ ဖြစ်စေချင်လို့ ဖော်ပြတဲ့ ဥပစာပြဆိုမှုတွေ “အိုင်” သွားတာမျိုးလည်း ရှိပါတယ်။

မောင်ခိုင်လတ်ရဲ့ အက်ဆေးတွေမှာ ထူးခြားလင်းလက်နေတဲ့ အချက်တစ်ခုကို ထောက်ပြပါဆိုရင် သူ့ရဲ့ အက်ဆေးတစ်ပုဒ်ချင်းရဲ့ အတွင်းသားထဲမှာ ဝေဖန်ရေးဆရာရဲ့ ဝိညာဉ် “စေးကပ်ပျော်ဝင်”နေခြင်းပါပဲ။ သူဟာ စာကို ပိုင်းဆစ်ဝေဖန် အကဲဖြတ်နိုင်ရုံသာမက သူ့ပတ်ဝန်းကျင်က လူများကိုပါ ပိုင်းဆစ်ဝေဖန် အကဲဖြတ်နေတဲ့ အလေ့အကျင့်ရှိသူဖြစ်နိင်ပါတယ်။

မောင်ရင့်မာ(ကျောင်းကုန်း) အမှာစာမှ ကောက်နှုတ်ဖော်ပြချက်

စာမျက်နှာ

213

စာအုပ်အရွယ်အစား

5.5 x 0.3 x 8.0 inches

ပုံနှိပ်မှတ်တမ်း

ဓူဝံစာပေ၊ 2022 မတ်လ (ပထမအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကောင်းကင်ရဲ့ဥပဓိ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

မောင်ခိုင်လတ် စာအုပ်များ