သားပိုက်ကောင်နေ့ရက်များ

( 0 မှတ်ချက်)

6000 (ကျပ်)

🔶 လူဆိုတာ မွေးဖွားတာကို ရွေးချယ်လို့ မရသလို၊ သေဆုံးတာကိုလဲ ရွေးချယ်လို့ မရဘူး။ ဒါပေမဲ့… နေထိုင်ခြင်းကိုတော့ ရွေးချယ်လို့ ရတယ်။
🔸သားပိုက်ကောင်နေ့ရက်များဟာ ဘယ်လိုဇာတ်လမ်းမျိုး ဖြစ်မယ် ဆိုတာကို တင်ကြို မပြောတော့ပါဘူး။ ဝတ္ထုထဲက ဝါကျအချို့ကိုသာ ထုတ်နုတ်ပြချင်ပါတယ်။
🔶 ကြမ်းပြင်ပေါ်မှာ သူ့ကိုယ်သူ ရိုက်ခွဲခဲ့တဲ့ ဖန်ခွက်က ပြန်ဆက်ပြီး သူ လွတ်မြောက်ဖို့ ရုန်းကန်ခုန်ချခဲ့တဲ့ လက်ထဲကို ပြန်သွားတယ်။
🔶 နေရောင်တွေက လမ်းပေါ်မှာ ရှိနေတဲ့ နှင်းခဲ၊ နှင်းပွင့်တွေကို သိမ်းဆည်းဖယ်ရှားပြီး တရွေ့ရွေ့ လှုပ်ရှားနေတဲ့ လူပန်းပင်တွေကို စိုက်ပျိုးတယ်။
🔶 သုံးဦးသား လမ်းတွေက ခေါ်ဆောင်တဲ့အတိုင်း လျှောက်ခဲ့တယ်။ လမ်းတွေက တခုပြီး တခု ချိုးတယ်။ တကွေ့ပြီး တကွေ့ ကွေ့တယ်။ ဒီလိုနဲ့ အိမ်ရှေ့မှာ စုနေတဲ့ လူအုပ်ကြီးက အဘွားရဲ့ မျက်လုံးထဲ ဝင်လာတာကို ဖိုးနီ တွေ့လိုက်ရတယ်။
🔸 အခု ထုတ်နုတ်ပြတဲ့ ဝါကျလေးတွေကို ဖတ်ကြည့်မိရုံနဲ့ အသစ်ဖြစ်မှု တခုခုကို ဆဝါး ခံစားမိမယ် ထင်ပါတယ်။
🔸 အသစ်၊ အသစ်သော ဖန်တီးမှုတွေနဲ့ စာဖတ်သူများရှေ့ကို ရောက်လာလေ့ရှိတဲ့ ဆရာ ရေအေးရဲ့ ဝတ္ထုအသစ်ကို မျှော်လင့်နေကြသူများအတွက် သားပိုက်ကောင်နေ့ရက်များ ဝတ္ထုစာအုပ်ကို ကြိုတင်အမှာပါးလို့ ရပါပြီ။

စာမျက်နှာ

174

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ 2023 ဩဂုတ်လ (ပထမ-အကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သားပိုက်ကောင်နေ့ရက်များ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ရေအေး စာအုပ်များ