ကမ်းလက်များရသခရီးစဉ်(၁)

( 0 မှတ်ချက်)

4500 (ကျပ်)

▣ လောကလူ့သဘာဝကို ကရုဏာနဲ့ ခပ်ဆတ်ဆတ်ပုတ်ပြတတ်တဲ့ ဆရာ မောင်အေးကို (ပေါင်းတလည်) က ❝ နတ်သိကြားတွေ ငိုတဲ့ပွဲ ❞
▣ အရေးသွက်သွက်၊ ထိမိတဲ့ ဝါကျတွေနဲ့ ဆရာ မော်မော့်မောင် ကျ ❝ အတွင်းချုပ်ရိုး ❞
▣ စကားပြေ ညက်ညောသလောက် စာကြောလဲ သိမ်မွေ့တဲ့ ဆရာ မြူမင်းလွင် ရဲ့ ❝ တိမ်ဖုံးသော်လည်း လသာသည် ❞
▣ ဆာဒါးတွေ ဇာမချဲ့ဘဲ ဖတ်သူနဲ့ တိုက်ရိုက်ပြောဆိုနေကျ ဆရာ ရောင်နီသက်လွင် က ❝ ရွေ့လျားစိုက်ခင်း ❞
▣ သင်္ကေတတွေကို စုံမက်တဲ့ ဆရာ ချစ်ခိုင်စံ ကျတော့ ❝ တိမ်နဲ့လုပ်တဲ့ ပန်းပုရုပ် ❞
▣ ဝေဒနာယှဥ်တဲ့တိုင် စာယဥ်စာအေးကို နှစ်လို့ရင်ဖြင့် ဆရာမ ဒွါး ရဲ့ ❝ လွှတ်ချလိုက်သော တိမ်မျှင်တစ်စ ❞
▣ စမ်းသပ်အရေးအသား တစ်မျိုးတစ်မည်နဲ့ ခံစားသူ ခံတွင်းတွေ့စေချင်တဲ့ ဆရာမ သက်မွန်ဝင်း က ❝ ကျွန်တော့်စုံတွဲများ ❞
▣ ဟဒယအမောဖြေဖို့ ဟာသနှောပေးလာတာက ဆရာ ငဒိန်း၊ ❝ စာပေချန်ပီယံလိဂ် ❞
▣ အဖွဲ့အနွဲ့ အခင်းအကျင်း နိုင်နင်းတဲ့ ဆရာ လင်းအိမ် ရဲ့ ❝ အရှုံးမဲ့ ကစားပွဲ ❞
▣ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဆို ဆရာ ဖေကြူနှစ် ကို ပြေးမြင်ကြမှာပေါ့၊ သူ့ဝတ္ထုတိုက ❝ ရွှေနန်းသစ္စာ ❞ ။
▣ အရေးပါးတတ်သလောက် အတွေးပါးနပ်တဲ့ ဆရာမ လေးနွယ် (ဒဂုံ) ရဲ့ ❝ ကြမ္မာကို ဖန်တီးသူ ❞
▣ ဘဝဇာတ်ခုံမှာ ကကြိုးစုံစုံ၊ အတွေ့အကြုံများလှသူ ဆရာ အာကာစိုးသူ ရဲ့ ❝ စားပွဲတစ်လုံးနှင့် ကွာရှင်းပြတ်စဲခြင်း ❞
▣ ကဗျာချစ်သူ စာချစ်သူ စာပေကမ္ဘာထဲမှာ ဘဝတစ်ဆစ်ချိုး လျှောက်လှမ်းခဲ့ဖူးတဲ့ ဆရာ ဝင်းကျော်ခိုင် ရဲ့ လက်ရာ ❝ အင်္ကျီတစ်ထည်၏ အတ္ထုပ္ပတ္တိ ❞
▣ ရောမန္တိက အရေးအသားမှာ ညွတ်ညွတ်ပျောင်းပျောင်း ရှိလှတဲ့ ဆရာမ နန္ဒာငြိမ်း (သင်္ချာ) ကတော့ ဒီတစ်ခါ တစ်မူကွဲပြီး ❝ ထာဝရဆရာမ ❞
▣ ပြီးတော့ လုလင်လက်ျာ၊ ခေါင်းစဥ်က တစ်လုံးတည်း၊ ❝ ရိပ် ❞

ဝတ္ထုတို ၁၅ ပုဒ်ပါဝင်ပြီး စာရေးဆရာ ၁၅ ဦးရဲ့ ရသလက်ရာတွေကို ဖတ်ရှုခံစားရမှာပဲဖြစ်ပါတယ်။

စာမျက်နှာ

172

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.3 inches

ပုံနှိပ်မှတ်တမ်း

မိုးစွန်ကြယ်စာပေ 2023 မတ်လ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကမ်းလက်များရသခရီးစဉ်(၁)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

စာရေးဆရာစုံ စာအုပ်များ