ကံကောင်း

( 0 မှတ်ချက်)

6500 (ကျပ်)

ကံကောင်း၏ ဘဝက လမ်းဘေး ဝါးရုံတောစပ် ကန်သင်းရိုးစောင်းရှိ ထန်းခေါက်ဖာဖုံးထဲမှ အစပြုခဲ့သည်။အဖေမသိ အမေ မသိ။ သူ့ကိုကောက်ယူမွေးစားခဲ့သူက ဗိုလ်တဲစောင့်ကြီး ဦးရွှေဖီ။ အောက်တန်းကျလှသော သူ့ဘဝကို လူရာသွင်း‌ဆက်ဆံခဲ့သူ၊ အချစ်ဆိုတာဘာလဲသိအောင် သင်ပေးခဲ့သူက ကြေးစားအပျက်မကလေး ငကြူ။ အသည်းကွဲအောင်ပြုစားခဲ့သူကလည်း ငကြူပဲ။ သူတို့နှစ်ယောက် ဘဝအဆုံးသတ်က လှပခဲ့ခြင်းမရှိ။ ရင်နာ ကြေကွဲစရာသာဖြစ်ခဲ့သည်။
ကံကောင်းဘဝသည် နာမည်နှင့်မလိုက်အောင် ကံဆိုးခြင်းများနှင့်သာ အတိပြီးခဲ့လေသည်။
ကံကောင်းမှာ ကျွန်တော့်မူရင်းမဟုတ်
ဂေါ်ကီ၏ ပထမဆုံးသောဝတ္ထုရှည် မိဘမဲ့ပေါ ကို မှီးထားခြင်းဖြစ်ကြောင်း၊ ၁၉၆၀ခုနှစ် ငွေတာရီမဂ္ဂဇင်းတွင် အခန်းဆက်ဝတ္ထုရှည်အဖြစ် ဖေါ်ပြခဲ့ပြီးကြောင်း၊ ဝေဖန်ရေးဘဝသရုပ်ဖေါ် ဝတ္ထုအမျိုးအစားဖြစ်ကြောင်း ဆရာမြသန်းတင့်က သူ၏ အမှာစာတွင်ဖေါ်ပြထားပြီး အကျဥ်း‌‌ေထာင်ထဲ၌ရှိစဥ် ကံကောင်းနှင့်တူသောဇာတ်ကောင်တစ်ယောက်နှင့်ဆုံခဲ့ရကြောင်း
အခါအခွင့်သင့်လျှင် ကံကောင်းကို သည်ထက်ရှည်လျားသော ဝတ္ထုရှည်ကြီးအဖြစ်ဖန်တီးလိုသေးကြောင်း ယခုအချိန်၌ကား စက်လှေမာလိန်မှူး နစ်ကောလ်သည်ဆန်းမားဆက်မွမ်း ကိုနှောက်ယှက်လျက်ရှိသကဲ့သို့ ကံကောင်းသည်လည်း
ကျွန်တော့်ကို နှောင့်ယှက်လျက်ရှိပါသည် ဟု ဆရာက ရေးထားပါသေးသည်။

စာမျက်နှာ

230

စာအုပ်အရွယ်အစား

5.3 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

လင်းလွန်းခင်စာပေ၊ 2022 အောက်တိုဘာလ (သတ္တမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.10.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကံကောင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မြသန်းတင့် စာအုပ်များ