ကမာရင်ကွဲ

( 0 မှတ်ချက်)

7000 (ကျပ်)

၂၀၀၀ပြည့်နှစ် အမျိုးသားစာပေ ဝတ္ထုတိုဆုရ
#ကမာရင်ကွဲ

မြန်မာပြည်တောင်ပိုင်း မြိတ်ဒေသရဲ့ သဘာဝလှပမှုဟာ မြန်မာမှာသာမက …ကမ္ဘာမှာပါ ကျော်ကြားလှပါတယ်။ ဒီလိုနေရာကို ရောက်ဖို့ဆိုတာက မလွယ်ကူလှပါဘူး။ မြိတ်ဒေသ ပင်လယ်ကျွန်းတောင်အနေအထား၊ ရေအောက်ရှုမျှော်ခင်း၊ သန္တာကျောက်တန်းတွေရဲ့အလှ၊ ငါးကြီးငါးကောင်း ၊ ငါးသေး ငါးမွှားတွေဆီ ကိုယ်တိုင်သွားရောက် လေ့လာပြီး ထို ဒေသရဲ့ ဓလေ့၊ အခေါ်အဝေါ်၊ ယဥ်ကျေးမှုနှင့်အတူ စီးပွားလုပ်ကိုင်ပုံတွေကို လေ့လာပြီး ဝတ္ထုတိုလေးတွေအဖြစ် အသက်သွင်းထားတဲ့ ဆရာမ မိချမ်း ဝေရဲ့ ကမာရင်ကွဲ …

ဒီစာအုပ်လေးကို ဆရာမမိချမ်းဝေက လွန်ခဲ့တဲ့ ၂၅နှစ်လောက်က မြိတ်ဒေသဘက်ကို ခက်ခက်ခဲခဲသွား ရောက်ပြီး လေ့လာရေးသားခဲ့တာပါ။ စာမူလေးကို လူထုဒေါ်အမာက သဘောကျလွန်းပြီး စာအုပ်ထုတ်ခဲ့တယ်။ စာအုပ်ပါအကြောင်းအရာက ကောင်းလွန်းတာ ကြောင့် ၂၀၀၀ပြည့်နှစ် အမျိုးသားစာပေဝတ္ထုတို ပေါင်းချုပ်ဆုရခဲ့ပါတယ်။

ကမာရင်ကွဲမှာပါတဲ့ ဝတ္ထုတို ၁၉ပုဒ်ဟာ ခေါင်းစဥ်တွေဖတ်လိုက်ရုံနဲ့ စိတ်ဝင်စားစရာ အသုံးအနှုန်းတွေကို ရသဝတ္ထုတိုလေးနဲ့အတူ ရင်းနှီးကျွမ်းဝင်ရပြန်တယ်။ မြိတ်သူမြိတ်သားတို့ရဲ့ မပီ့တပီ စကားသံဝဲဝဲလေးကို နားမှာကြားပြီး သူတို့ရဲ့ စားသောက်ရှာဖွေရပုံတွေရဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာမိပြန်တယ်။ ဒီစာအုပ်ထဲမှာ ဆလုံတိုင်းရင်းသားတွေရဲ့ ဘဝမြှင့်တင်ရေး ဝတ္ထုတစ်ပုဒ်လည်း ပါပါတယ်။

မြန်မာနိုင်ငံ တောင်ဘက်စွန်ဆုံးမှာ ရှိနေတဲ့…လူသူ အရောက်အပေါက် ခက်ခဲလှတဲ့ မြိတ် ဒေသကို ကမာရင်ကွဲစာအုပ်ကလေးဖတ်ရင်း အလည်တစ်ခေါက် သွားကြည့်ပါလို့။ မြိတ်ကျွန်းစုတွေဘက်မသွားခင် ဒီစာအုပ်လေးကို ဖတ်ထားမယ်ဆိုရင်…မြိတ်ဒေသ ရောက်တဲ့အခါ ပိုပြီး စိတ်ကျေနပ်ရမှာပါ။

စာမျက်နှာ

230

စာအုပ်အရွယ်အစား

5.5 x 0.4x 8.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2023 ဒီဇင်ဘာလ (စတုတ္ထအကြိမ်)

37 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကမာရင်ကွဲ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မိချမ်းဝေ စာအုပ်များ