ကမ္မဖလ
4000 (ကျပ်)
…
စာမျက်နှာ | 250 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.2 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2018 ဇန်နဝါရီလ |
6 in stock
4000 (ကျပ်)
…
စာမျက်နှာ | 250 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.2 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2018 ဇန်နဝါရီလ |
6 in stock
Wai Phyo Thant Sin –
ရထားပေါ်က မိန်းကလေးစာအုပ်ကိုဖတ်နေ လက်စနဲ့ city mart မှာ ဒီစာအုပ်တွေ့လို့ ဝယ်လာလိုက်တာ အမြည်းဖတ်ရင်းနဲ့ ဆုံးအောင်ဖတ်ဖြစ်သွားတယ်
ကမ္မဖလဆိုတော့ ဘာအကြောင်းများပါလိမ့်ပေါ့
ဦးကံကောင်းဆိုတဲ့လူတစ်ယောက်ဟာ သူမကျူးလွန်တဲ့ လူသတ်မှုအတွက် ကြိုးမိန့်စီရင်ချက်ခံရတဲ့အခါ အူလှိုက်အသည်းလှိုက်ရယ်မိတဲ့ အခန်းနဲ့စပြီးဖွင့်ထားတော့ ဘာလို့များသူရယ်တာလဲပေါ့
ဖြစ်မှဖြစ်ရလေငါ့နှယ် ဆိုတဲ့ အသံဝါဝါကြီးတောင် နားထဲမှာ ကြားယောင်မိတာ…
ဆက်ဖတ်ကြည့်တော့မှ ဦးကံကောင်းဆိုတဲ့လူဘာလို့ရယ်ရတာလဲဆိုတဲ့အကြောင်းတရားတွေကို တကွင်းချင်း တကွက်ချင်း ပြန်ချိတ်ပေးထားတယ်
မြန်မာဒရာမာအစစ်ပါပဲ… တခန်းမှပေါ့သွားခဲ့တာ မရှိဘူး… ရုတ်တရက်ပါလာတတ်တဲ့ ဇာတ်ကောင်တွေဟာလည်း နောက်ပိုင်းမှာ မြုပ်မသွားပဲ ပြန်ပြန်ပါတယ်…အဲ့လိုပြန်ပါတာကိုလည်း စာရေးသူက ဘယ်အခန်းကဆိုတာကို ပြန်လှစ်ပြခဲ့တယ် ဥပမာ..အသန့်ရဲ့ ဇာတ်ကောင်.. ကံကောင်းလေး မုန့်ပျားသလက်ဆားဖြူး စားရလို့ သူ့အမေကို ဂျီကျတဲ့အခန်းမှာ (အဲ့ဒီအခန်းက tempo တက်စေခဲ့အခန်း) ဖျတ်ခနဲဝင်လာတဲ့ ဇာတ်ကောင်လေးဟာ နောက်ပိုင်းမှာလည်း ဆက်ပါလာတာမျိုး… ကံကောင်းရဲ့ ဆွေမျိုးတွေရှာပုံတော်ဖွင့်တဲ့အခန်းက မျက်ခုံးမှာ ဓားမပုံအမာရွတ်နဲ့ လူတစ်ယောက်ရဲ့ ဇာတ်ကောင်ဟာ နောက်ပိုင်းခံစားချက်တွေနဲ့ လိုက်ချိတ်ပေးတာမျိုး… ဇာတ်ကို ဟာမသွားပဲ သူ့ဇာတ်ကောင်တွေ နေရာမှန်မှန်အလုပ်လုပ်နေကြတဲ့ အချိတ်အဆက်တွေဟာ တကယ် အရသာရှိလိုက်တာဆိုတာ…
ကမ္မဖလဆိုတဲ့ ခေါင်းစဉ်နဲ့လိုက်ဖက်အောင် တစ်ဇာတ်လုံးမှာ လူကဦးဆောင်တာထက် ကံတရားကပဲဆောင်နေတဲ့ သဘောတွေဟာလည်း တအားပေါ်လွင်တာ… တစ်အုပ်လုံးရဲ့အသက်ကတော့ နောက်ဆုံးသုံးမျက်နှာပဲ…
ကျမမှာ စိန်တလုံးသရက်ချိုချိုမွှေးမွှေးကို ပြည့်ပြည့်ဝဝကြီးစားလိုက်ရသလိုပါပဲ…
စာအုပ်တွေဝယ်ပြီး ဖတ်ရတာအရသာမရှိ ဇာတ်ကဟာနေရင် ငါအသက်ကြီးလာလို့များ ရသတွေ မခံစားတတ်တော့တာလားလို့ သံသယတွေ ဖြစ်ဖြစ်နေတာ… ဒီစာအုပ်ဖတ်ရတော့ ငယ်ငယ်က စွယ်တော်ပင်ပေါ်တက်ပြီး ကျောင်းစာမလုပ်ပဲအချဉ်ထုတ်တွေနဲ့စာအုပ်ခိုးဖတ်ရတဲ့အရသာမျိုးကို ပြန်ရလိုက်တာပါပဲ