ကမ္ဘာကျော်ပုဂ္ဂိုလ်များ – ၂

( 0 မှတ်ချက်)

3000 (ကျပ်)

ကျောင်းသားသူငယ်တို့၏ စိတ်မှာ အလွန်နုနယ် သေးသောကြောင့် အလွယ်တကူနှင့်ပင် သူတကာ ကို အားကျလေ့ရှိ၏။ ထိုအခိုက် ထိုအခါတွင် အားမကျသင့်သော စာမျိုး၊ အားမကျသင့်သော ဝတ္ထုမျိုးကို မဖတ်စေဘဲ အားကျထိုက်သော နာမည် ကျော်ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိစာမျိုးကို ဖတ်စေရန် တိုက်တွန်းသင့်လှပေသည်” လို့ ဆရာကြီး သိပ္ပံမောင်ဝက ပြောခဲ့ဖူးပါတယ်။
စာရေးသူကလည်း ဒီထုံးကို နှလုံးမူပြီး ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကမ္ဘာကျော်ပုဂ္ဂိုလ်များ စာအုပ်အတွဲလေးတွေကို စုစည်းပြုစုပေးနေပါတယ်။ အခုထွက်ရှိလာတဲ့ –
ကမ္ဘာကျော်ပုဂ္ဂိုလ်များ အတွဲ – ၁ မှာ နယူတန်၊ အိုင်းစတိုင်းတို့လို ကမ္ဘာကျော်သိပ္ပံပညာရှင် ၂၄ ဦးရဲ့ အတ္ထုပ္ပတ္တိတွေကို စုစည်းရေးသား ဖော်ပြထားပြီး တတိယအကြိမ်မြောက် ထုတ်ဝေထားခြင်း ဖြစ်ပါတယ်။
ကမ္ဘာကျော်ပုဂ္ဂိုလ်များ အတွဲ – ၂ မှာ ကွန်ဖြူးရှပ်၊ ပလေတိုတို့လို ကမ္ဘာကျော်အတွေးအခေါ်ပညာရှင် ၂၄ ဦးရဲ့ အတ္ထုပ္ပတ္တိတွေကို စုစည်းရေးသား ဖော်ပြထားပြီး ပထမအကြိမ်အဖြစ်ထားခြင်း ဖြစ်ပါတယ်။
ကမ္ဘာကျော်ပုဂ္ဂိုလ်များ အတွဲ – ၃ မှာ ဖလောရင့်နိုင်တင်ဂေး၊ မာသာထရီဆာတို့လို မေတ္တာ၊ ကရုဏာ၊ စေတနာကြီးမားလှတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ် အယောက် ၂၀ ရဲ့ အတ္ထုပ္ပတ္တိတွေကို စုစည်းရေးသား ဖော်ပြထားပါတယ်။
ကမ္ဘာကျော်ပုဂ္ဂိုလ်များ အတွဲ – ၄ မှာ ဟယ်လင်ကဲလား၊ ကိုဒီလီတို့လို မသန်ပေမဲ့ ကမ္ဘာကျော်အောင် စွမ်းဆောင်နိုင်ခဲ့ကြတဲ့ ကမ္ဘာကျော် မသန်စွမ်းသူ ၂၄ ဦးရဲ့ အတ္ထုပ္ပတ္တိတွေကို စုစည်းရေးသားဖော်ပြထားပါတယ်။
စာမျက်နှာ

128

စာအုပ်အရွယ်အစား

5.3 x 0.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ကောင်းဆုသာစာပေ၊ 2022 ဇွန်လ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကမ္ဘာကျော်ပုဂ္ဂိုလ်များ – ၂” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မှော်ဝန်းသီဟ စာအုပ်များ