သစ်တော့ကကြိုး (20% Off)

( 0 မှတ်ချက်)

3600 (ကျပ်)

စာရေးသူတစ်ယောက်အနေနဲ့ လူ့စရိုက်လူ့သဘာဝကိုလေ့လာရင်း ငွေကြေးနောက်သို့တကောက်ကောက်လိုက်နေသူတို့ရဲ့ အထီးကျန်မှုတွေ၊ ငွေကြေးမပြည့်စုံသော်လည်း မေတ္တာတရား၏အေးမြမှုအောက်တွင်ပျော်ရွှင်နေကြသော မိသားစုတွေ ကိုမြင်တွေ့ခွင့်ရခဲ့သလို ဘဝမျိုးစုံမှာကျင်လည်နေကြရသော လူသားအပေါင်းတို့၏ ယူဆချက်အမျိုးမျိုးနှင့် ထိုခံယူချက်များပေါ်တွင်မူတည်၍ဖြစ်ပေါ်လာကြသည့် အမှန်၊အမှားဟူသည့် ပြဿနာရပ်များကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။

လေ့လာသိရှိခွင့်ရသော လူ့စရိုက်မျိုးစုံထဲ၌ အမှန်တရားကိုရှာဖွေနေကြသည့်တိုင် အမှန်တရားနှင့်​ဝေးကွာ​နေကြရသူတို့အတွက် သဘာဝတရားသူကြီး၏ မျှတသောစီရင်ချက်ဖြင့် ဆုံးဖြတ်ပေးခဲ့သော အမှန်တရားတို့ကိုလည်း ကြားသိခွင့်ရခဲ့ပါတယ်။ထိုသို့ကြားသိခွင့်ရခဲ့သော လူ့စရိုက်သဘာဝများကို ဝတ္ထုအဖြစ်ဖန်တီးရေးဖွဲ့ထားသော “သစ်တော့ကကြိုး”အမည်ရှိ ဝတ္ထုလေးကိုဖတ်ရှုပြီး စာပေစည်းစိမ်းဟု ခေါ်ဆိုကြသော ရသမျိုးစုံကိုခံစားဖတ်ရှုရင်း ပြုံးပျော်ကျေနပ်နိုင်ကြမည်။

စာမျက်နှာ

215

စာအုပ်အရွယ်အစား

5.4 x 0.4 x 8.0 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2022 မေလ (ပ-ကြိမ်)

10 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သစ်တော့ကကြိုး (20% Off)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဆောင်းချစ် စာအုပ်များ