


ကျေနပ်တယ်
Rated 0.1 out of 5 based on 0.1 customer ratings
( 0 မှတ်ချက်) 3500 (ကျပ်)
ကိုယ့်ဘ၀လေးပျော်တယ်၊ မပျော်ဘူးဆိုတာဟာ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ခံစားချက်တွေ၊ တွေးတောနေမိတဲ့ အကြောင်းအရာတွေနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ ယခုစာအုပ်တွင် အတွေးကောင်း၊ အမြင်ကောင်း၊ စိတ်ခံစားချက်ကောင်းတွေရရှိနိုင်ပြီး ကျေနပ်စရာကောင်းတဲ့ ဘ၀နေ့စွဲတွေကို ပိုင်ဆိုင်နိုင်စေမယ့် စာအုပ်ကောင်းတစ်အုပ်…။
” ဘ၀ကြီးက ကျေနပ်စရာကောင်းလားလို့မေးရင်
ကျေနပ်တယ်လို့ဖြေတဲ့သူက ဖြေမယ်၊
မကျေနပ်ပါဘူးလို့ ဖြေတဲ့သူကလည်း ဖြေမှာပဲ။
တစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြတော့
ဘ၀နေ့စွဲအပေါ် မြင်ပုံ ခံစားပုံကလည်း မတူကြဘူး။
အမြင်မတူ အတွေးမတူတော့
ခံစားမှုရလဒ်တွေလည်း မတူတော့ဘူး။ “
စာမျက်နှာ | 151 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.3 x 7.8 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ 2020 ဩဂုတ်လ (ပ-ကြိမ်) |
47 in stock
မာရင်ရင် စာအုပ်များ
-
မာရင်ရင်
ပျော်ရွှင်ခြင်းတံခါးပေါက်
3000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မာရင်ရင်
ကျေနပ်တယ်
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
မာရင်ရင်
အပြီးတိုင်နှုတ်ဆက်လိုက်ရပါသည်
3000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
မာရင်ရင်
မနုဿရဲ့စာမျက်နှာလေးများ
3000 (ကျပ်)Rated 4.67 out of 5 based on 3 customer ratings( 3 မှတ်ချက်)
Linn Linn Htet –
ဆရာမ မာရင်ရင်ရဲ့ #ကျေနပ်တယ်# စာအုပ်လေးပါ။
သူကတော့ တချို့စာအုပ်တွေလို လိုက်ပြီးတွေးတောစရာတွေ၊ စဉ်းစားစရာတွေ သိပ်မများလှဘဲ ပေါ့ပေါ့ပါးပါးလေး ဖတ်ရစေမယ့် စာအုပ်မျိုးပါ။ လူတွေရဲ့ ဘဝတစ်ကွေ့မှာ ကြုံတွေ့ရတတ်တာတွေ၊ ခံစားရတတ်တာတွေနဲ့ ဖြစ်ပျက်တတ်တဲ့သဘောတွေကို ရိုးရိုးရှင်းရှင်းလေးနဲ့ ထိထိမိမိရေးထားတာရယ်ပါ။ ကိုယ်ခံစားနေရတာတွေနဲ့ ကိုယ်ပြောချင်နေတဲ့ အရာတွေကို နာကျင်ရလွန်းလို့ တစ်ခါတလေ ကိုယ်ကိုယ်တိုင်က စကားလုံးတွေအဖြစ် မတည်ဆောက်နိုင်တော့တဲ့ အခါမျိုးတွေရှိတတ်ပါတယ်။ အဲဒါမျိုးတွေအတွက် ဒီစာအုပ်လေးထဲမှာ ထိမိပြီး ကျစ်လစ်လှပတဲ့ စကားလုံးလေးတွေနဲ့ ကိုယ်စားပြောထားပေးသလို ခံစားရစေမှာပါ။ ဖတ်နေရင်းနဲ့ တကယ်ကို ကျေနပ်စေမယ့် စာအုပ်လေးမို့ ဖတ်ကြည့်စမ်းပါလို့ ညွှန်းချင်မိပါတယ်နော်။