ထာ၀ရအတွက် ပထမခြေလှမ်း

( 1 မှတ်ချက်)

3000 (ကျပ်)

လူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့ အဆိုတော်တစ်ယောက်ဖြစ်သည့် Justin Bieber၏ အောင်မြင်မှုခရီးလမ်းစကိုဘယ်လိုစတင်လျှောက်လှမ်းခဲ့ရသလဲဆိုတဲ့အကြောင်းကို လက်ကမချတမ်းဖတ်ရှုချင်အောင်ဆွဲဆောင်မယ့် ကိုယ်တိုင်ရေးစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။အခါမလည်ခင် မိဘများအိမ်ထောင်ကွဲပြီး အမေဆီတလှည့် ၊အဘိုးအဖွားများဆီတစ်လှည့်နေထိုင်ရင်း ပြင်သစ်ကျောင်းမှာတက်ရောက်ခဲ့ပါတယ်။သူရဲ့ပထမဆုံးပြိုင်ပွဲမှာ အရှုံးနဲ့ကြုံခဲ့ရပြီး မျှော်လင့်ချက်များ ဖြည့်ဆည်းဖို့ လိုအပ်တဲ့ငွေကို ပလက်ဖောင်းပေါ်မှာ ဂစ်တာတီးရင်းရှာခဲ့ရပါတယ်။အဘိုးဖြစ်သူရဲ့ဒဿနဆန်တဲ့ ဆုံးမစကားတွေအောက်မှာ ကြီးပြင်းလာတဲ့ Justin Bieber ဟာအရှုံးကိုတည်တည်ငြိမ်ငြိမ်လက်ခံတတ်သူဖြစ်လာသလို၊ကိုယ့်မှာရှိတဲ့ အစွမ်းကို အားကုန်ညစ်ထုတ် သုံးစွဲတတ်သူလည်းဖြစ်လာပါတယ်။
ဘဝရဲ့အတက်အကျ၊ ပျော်ရွှင်စရာ၊ဝမ်းနည်းစရာများ နှင့်Justin Bieber၏ဘဝဇာတ်ကြောင်းကို လိုက်ပါစီးမြောခံစားလိုသူတို့အတွက် အကောင်းဆုံးစာအုပ်ကောင်းတစ်အုပ်

စာမျက်နှာ

216

စာအုပ်အရွယ်အစား

5.6 x 0.5 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2019 အောက်တိုဘာလ (ပ-ကြိမ်)

9 in stock

ထာ၀ရအတွက် ပထမခြေလှမ်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Jason Bruno

    Beliebersတိုင်းဖတ်သင့်တဲ့စာအုပ်ပါ
    JBအကြောင်းကိုပိုသိရပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ရာပြည့် စာအုပ်များ