ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတအဖြစ် လျှောက်သောလမ်း

( 0 မှတ်ချက်)

7000 (ကျပ်)

“ဂျိုးဘိုင်ဒင်” အကြောင်းက အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။ အလုပ်သမားလူတန်းစားမှ မွေးဖွားလာကာ ဆင်းဆင်းရဲရဲနှင့် ပညာကို တခုတ်တရရှာခဲ့ပုံများ၊ ငယ်စဉ်က စကားထစ်လွန်းသဖြင့် အပေါင်းအသင်းများက “အ,ထစ်ကောင်” ဟု ခေါ်ပြောစပြောင်ခြင်း ခံရသူ၊ စကားထစ်တာပျောက်အောင် မိမိဘာသာမိမိကြိုးစားခဲ့ပုံ၊ အမေရိကန်အထက်လွှတ်တော်အမတ်အဖြစ်  အသက် (၂၇)နှစ် အရွယ်တွင် ရွေးချယ်တင်မြှောက်ခြင်းခံရ၊ အထက်လွှတ်တော်အမတ် အရွေးခံရပြီး ကျမ်းသစ္စာပင် မကျိန်ရသေးမီ ဇနီးနှင့် သမီး ကားတိုက်၍သေဆုံး၊ လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုနိုင်ဘဲ၊ဒဏ်ရာအကြီးအကျယ်ရသော သားနှစ်ယောက်တက်နေသည့် ဆေးရုံတွင်ပင် ကျမ်းသစ္စာဆိုရပုံ၊ အထက်လွှတ်တော်အမတ်အဖြစ် နှစ်ပေါင်း (၃၆) ထမ်းဆောင်ခဲ့ပြီး သမ္မတအိုဘားမား၏ အစိုးရအဖွဲ့တွင် ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်၊ သားကြီးဖြစ်သူ ဦးနှောက်ကင်ဆာရောဂါဖြင့် သေဆုံး၊ အဆုံးအရှုံးတွေကို ဖြတ်သန်းရင်း ရွေးကောက်ပွဲ ဝင်ခဲ့၊ နောက်ဆုံး အသက် (၇၈)နှစ်တွင်မှ အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ရ၊ “ဂျိုးဘိုင်ဒင်” ၏ အတ္ထုပ္ပတ္တိကို ဖတ်ရင်း အားမာန်တွေ တက်ကြွလာရ၏။

“အောင်မြင်မှုဆိုတာ အထိုးခံရလို့ လဲကျသွားတာကို မဆိုလိုဘူး။ ဘယ်နှစ်ကြိမ်ပြန်ပြီး မြန်မြန်ထနိုင်သလဲဆိုတာကိုပြောတာ” ဆိုသည့် “ဂျိုးဘိုင်ဒင်”၏ အဖေပြောစကား။ ထိုစကားကို ဦးနှောက်ထဲထည့်၊ နှလုံးသားထဲသွင်းကာ လောကဓံ၏ အထုအထောင်းများစွာခံရင်း အကြိမ်ကြိမ် အမြန်ပြန်ထလာသော လူသားတစ်ယောက်၏ အောင်မြင်မှုဇာတ်လမ်း။

စာမျက်နှာ

354

စာအုပ်အရွယ်အစား

5 x 0.5 x 8 inches

ပုံနှိပ်မှတ်တမ်း

ဇေယျာမိုးစာပေ၊ 2022 ၊ (ပ-ကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတအဖြစ် လျှောက်သောလမ်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဟိန်းလတ် စာအုပ်များ