စော်ကားသူနှင့်အနှိမ်ခံ

( 0 မှတ်ချက်)

15000 (ကျပ်)

စော်ကားသူနှင့်အနှိမ်ခံဝတ္ထုသည် ဆိုက်ဘေးရီးယားအကျဉ်းစခန်းမှ လွတ်မြောက်ပြီးမကြာမီမှာ ရေးသားခဲ့သည့် ဝတ္ထုရှည်ကြီးဖြစ်ပြီး (သူ့အရင်တွင် ဆင်းရဲသား Poor Folkကို ရေးသားခဲ့သည်။) ဒေါ့စတိုယက်စကီး၏ အကောင်းဆုံးလက်ရာများထဲတွင် တစ်ပုဒ်အပါအဝင်လည်းဖြစ်သည်။
ဇာတ်လမ်းကို စာရေးဆရာဗန်ညာ Vanya (အီဗန်ပီသရိုဗိချ် Ivan Petrovich)က ဇာတ်ကြောင်းပြန်ပြောပြသည့်ပုံဖြင့် ရေးဖွဲ့ထားသည်။
ဗန်ညာ့ကို ရုရှားပြည်အစွန်အဖျားတစ်နေရာတွင် မွေးဖွားသည်။ မိဘရင်းမြစ်ကိုမူ ဖော်ပြမထား။ သူ့ကို နာတာရှာတို့အဖေ နီကိုလိုင်က မွေးစားခဲ့သည်။ သူက နာတာရှာ Natasha(နာတာလီယာနီကိုလိုင်ယက်ဗ်နာ Natalya Nikolayevna) ကို သည်းသည်းနင့်နင့် တမ်းတမ်းစွဲ ချစ်သည်။ နာတာရှာကမူ ဗန်ညာကိုကျော်၍ အလျိုရှာ Alyosha (အလက်ဇီပီသရိုဗိချ် Alexei Petrovich) ကိုသာ နှစ်နှစ်ကာကာ မက်မက်စွဲစွဲ ချစ်သည်။ အလျိုရှာကလည်း နာတာရှာကို စွဲစွဲနစ်နစ် မြတ်မြတ်နိုးနိုးချစ်သည်။ သို့သော် ဖခင်၏စီမံမှုကို အလျိုရှာခမျာ မပယ်ရှားဝံ့။ သည်လိုနှင့် ဖခင်သဘောတူသည့် ကာကျာ Katya (ကာကျီရီနာဖျိုဒါရော့ဗ်နာ Katerina Fyodorovna Filimonova)နှင့် လက်ထပ်လိုက်ရသည်။ ၎င်းတို့အပြင် နောက်ထပ်အရေးပါသည့် ဇာတ်ကောင် (မိဘမဲ့အမျိုးသမီးငယ်လေး) ယယ်လီနာ(နယ်လီ) Elena နှင့် ဗန်ညာတို့ ဆုံစည်းခဲ့ကြရာ ဇာတ်လမ်းက သွက်သထက်သွက်လာပြီး စိတ်ဝင်စားဖွယ်လည်း ပိုကောင်းလာသည်။
ဆိုခဲ့သလို ဇာတ်လမ်းက ၃-၄-၅ပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်ပြီး မဆန်းပြားဟု ထင်ရသည်။ သို့သော် ဖျိုဒါဒေါ့စတိုယက်စကီး၏ မူဟန်အတိုင်း ကျယ်ကျယ်ဝန်းဝန်းရှိသည်။ သိုက်သိုက်မြိုက်မြိုက်ရှိလှသည်။ ခန့်ခန့်ထည်ထည်ရှိသည်။ ခမ်းခမ်းနားနားရှိသည်။ ဆန်းဆန်းကြယ်ကြယ် ရှိလှသည်။
လူတွေရဲ့(ဇာတ်ကောင်တွေရဲ့)ဆိုက်ကိုလိုဂျီကို ပိုင်ပိုင်နိုင်နိုင် နက်နက်နဲနဲ အသေးစိတ်ရေးဖွဲ့ထားသဖြင့် အင်မတန်လေးနက်သည်ဟု ဆိုရမည်ဖြစ်သည်။ ဇာတ်ကောင်စရိုက်တွေ၊ စိတ်ခံစားချက်တွေကို နှိုက်နှိုက်ချွတ်ချွတ် ပီပီပြင်ပြင် ကွက်ကွက်ကွင်းကွင်း ထင်းထင်းရှင်းရှင်း ဖော်ပြထားသဖြင့် ဗန်ညာ၊ အလျိုရှာ၊ နာတာရှာ၊ ယယ်လီနာတို့နှင့် တစ်သားတည်းဖြစ်ကာ ရင်းနှီးသွားသလို သူတို့နည်းတူ ထပ်တူထပ်မျှ ပူးဝင်ခံစားလို့ရသည်။ သို့ဖြစ်ရာ ဤ “စော်ကားသူနှင့်အနှိမ်ခံ”ဝတ္ထုရှည်ကြီးကို ဒေါ့စတိုယက်စကီး၏ စာဖတ်ပရိသတ်များသာမက ဒေါ့စတိုယက်စကီးကို မြည်းစမ်းဖတ်ရှုလိုသည့် ပရိသတ်များပါ သဘောတွေ့ နှစ်ခြိုက်ကြလိမ့်မည်မလွဲဟု ထင်ပါသည်။ ။

စာမျက်နှာ

650

စာအုပ်အရွယ်အစား

5.3 × 1.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုနေ(မန်း)စာပေ၊ 2021 နိုဝင်ဘာလ (ပ-ကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စော်ကားသူနှင့်အနှိမ်ခံ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကိုနေ(မန်း) စာအုပ်များ