အင်ဒို-ပစိဖိတ် မဟာဗျူဟာနှင့်စိန်ခေါ်မှုများ

( 0 မှတ်ချက်)

8000 (ကျပ်)

အင်ဒို-ပစိဖိတ် သို့မဟုတ် အင်ဒို-ပစိဖိတ်ဒေသဟူသော ဝေါဟာရသည် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်မှ စတင်ကာ ရေပန်းစားလာခဲ့သည်။ ယင်းဒေသသည် ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ဩစတြေးလျ၊ အိန္ဒိယ၊ ပြင်သစ်နှင့် အရှေ့တောင်အာရှ နိုင်ငံတချို့၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒများအတွက် ပထဝီအနေအထားနှင့် မဟာဗျူဟာအရ အလွန်အရေးပါသည်။ အင်ဒို-ပစိဖိတ် ကို အာရှ-ပစိဖိတ် (Asia Pacific) ၏ အစားထိုးမဟာဗျူဟာသစ်အဖြစ် ရှုမြင်သူများလည်းရှိသည်။

အင်ဒို-ပစိဖိတ်ဟူဟော ဝေါဟာရကို အမျိုးသားလုံခြုံရေးမဟာဗျူဟာများ သို့မဟုတ် ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းများအတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။ မူဝါဒရေးရာပညာရှင်များနှင့် အင်စတီကျူးရှင်းများကြားတွင်လည်း အလေးထားဆွေးနွေးမှုများ ရှိလာခဲ့သည်။ အကျိုးဆက်အားဖြင့် အင်ဒို-ပစိဖိတ်သည် “ပထဝီနိုင်ငံရေးဆိုင်ရာ အမည်နာမ” (geopolitical nomenclature) ဖြစ်လာသည်။

အင်ဒို-ပစိဖိတ်နှင့် ပက်သက်၍ နိုင်ငံအသီးသီး၌ ပထဝီအနေအထားနှင့် မဟာဗျူဟာမြောက် အရေးပါမှုများအရ သီးခြားသဘောထားများ ရှိကြသည်။ သမုဒ္ဒရာကြီးနှစ်စင်း (အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ) အား တစ်ပြေးတစ်စပ်တည်းဖြစ်နေသော နယ်မြေတစ်ခုအဖြစ် စိတ်ကူးပုံဖော်ကြသည်။ ယင်းဒေသသည် ကမ္ဘာ့ကုန်စည်များ သာမက စွမ်းအင်များ စီးဆင်းသယ်ဆောင်ရာတွင်လည်း မဟာဗျူဟာကျသည်။ ထို့ပြင် အင်ဒို-ပစိဖိတ်သည် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်သော အမေရိကန်နှင့် တရုတ်တို့ အားပြိုင်ရာ အချက်အချာနေရာလည်းဖြစ်သည်။

ကမ္ဘာ့အရေးအခင်းကို စိတ်ဝင်စားသူတိုင်း၊ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေး တို့ကို လေ့လာလိုသူတိုင်း ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

190

စာအုပ်အရွယ်အစား

5.7 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2023 နိုဝင်ဘာလ (ပထမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အင်ဒို-ပစိဖိတ် မဟာဗျူဟာနှင့်စိန်ခေါ်မှုများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

အလင်းဆက်(IR) စာအုပ်များ