အမှီကင်းတဲ့ ပန်းကလေး
4000 (ကျပ်)
ကိုယ်က ဘာလဲဆိုရင် ဘာမှမဟုတ်ပါဘူး ဒါပင်မဲ့ ကိုယ်က ရွေးချယ်ခံရမယ့်သူ မဖြစ်ချင်ဘူး။ ကိုယ့်ဘက်က ရွေးချယ်ရမယ့်သူပဲ ဖြစ်ချင်တယ် တစ်ယောက်တည်းနေလည်း ဖြစ်တဲ့ဘ၀ထဲမှာ ကိုယ့်ကြိုးသားမှု ကိုယ့်အောင်မြင်မှုတွေကို သူစိမ်းယောကျာ်းရဲ့ ရွေးချယ်မယ့် စံဇယားထဲ ထည့်ခံရတာမျိုး မလိုချင်ဘူး။ အမှီမရှိလည်း ပွင့်လန်းနိုင်တဲ့ ပန်းတစ်ပွင့်ပါ ဒဏ်ရာတွေ ရလည်းသန်သန်မာမာပဲ ဖူးပွင့်ချင်ပါတယ် အမှီရှိမှ တန်ဖိုးရှိမယ့် သဇင်ပန်းလိုမျိုး ဘ၀လည်း မတပ်မက်ဘူး။အမေပေးတဲ့ အင်အားနဲ့ အမှီကင်းကင်း ထွန်းလင်းပြချင်တယ် ကိုယ့်ရပ်တည်မှု၊ကိုယ့်ဖြစ်တည်နေမှုကိုလည်း ကိုယ်တန်ဖိုးထားတယ် အဲ့ဒီအတွက် သူစိမ်းယောကျာ်းတစ်ယောက် မလိုအပ်ခဲ့ဘူး။ကိုယ်တိုင်ဆေးခြယ်ထားတဲ့ ဘ၀ပဲ မြတ်နိုးတယ်။သူစိမ်းလူရဲ့ အရောင်အဝါကို မလိုအပ်ခဲ့ဘူး ထက်မြက်တဲ့ မိန်းမလို့ ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ပါဘူး ဒါပင်မဲ့ရှေ့ဆက်ဖို့အတွက် ယုံကြည်ချက် အပြည့်ရှိတယ်။ကိုယ့်ကိုမှီမယ့် ယောကျာ်းမျိုးမလိုအပ်ခဲ့သလို ကိုယ်က မှီခိုရမယ့် လက်တွဲဖော်မျိုးကိုလည်း မလိုအပ်ပါဘူး ကိုယ်တောက်ပဖို့ ကိုယ့်မှာ စွမ်းအားရှိတယ် သူစိမ်းလူ မလိုချင်ခဲ့ဘူး….။
စာမျက်နှာ | 130 |
---|---|
စာအုပ်အရွယ်အစား | 5 x 0.2 x 7.3 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2023 ဩဂုတ်လ |
7 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ