အင်ဒါဆင်ဒဏ္ဍာရီများ

( 0 မှတ်ချက်)

4500 (ကျပ်)

…အင်ဒါဆင်သည်ဒိန်းမတ်ပြည်သားဖြစ်၍လွန်ခဲ့သော၁၉ရာစုကုန်ခါနီးတွင်ထင်ရှားခဲ့သောစာရေးဆရာကြီးဖြစ်သည်။ကလေးတို့၏ ဒဏ္ဍာရီပုံပြင်များကိုစာပေဟန်ဖြင့် ရေးသားခြင်း၊သူကိုယ်တိုင်ပုံပြင်သစ်များကိုတီထွင်ရေးသားခြင်းကြောင့်ထင်ရှားလာသောစာရေးဆရာကြီးဖြစ်သည်။အင်ဒါဆင်၏ပုံပြင်များသည်ဒိန်းမတ်ကလေးတို့အတွက်သာမကတစ်ကမ္ဘာလုံးရှိကလေးများနှင့်သင့်လျော်သောပုံပြင်များဖြစ်သည်ဟုအဆိုရှိပေသည်။ယခုအပတ်မှစ၍ညီငယ်၊ညီမငယ်များအတွက် အပတ်စဉ်ရေးသွားသွားမည်ဖြစ်ပါသည်။

ပုံပြင်တစ်ခုတွင်မှတ်သားဖွယ် သင်ခန်းယူစရာအချက်အလက်တစ်မျိုးစီပါဝင်စေသည်ဖြစ်၍ ဤပုံပြင်တို့ကိုဖတ်ရှုရသောကလေးသူငယ်တိုင်းသည်သန့်စင်သောစိတ်ဓာတ်ကြီးထွားစေခြင်း၊သိမ်းဖျင်းအောက်ကျသောစိတ်ဓာတ်ပယ်ပျောက်စေခြင်း၊တစ်ကိုယ်ကောင်းအကျင့်အကြံတို့ကင်းစင်၍အများအကျိုးကိုသယ်ပိုးရွက်ဆောင်လိုသောစိတ်ပွားများခြင်း၊အမြော်အမြင်ကြီးမား၍ဖျတ်လတ်မှုရှိခြင်း၊စိတ်ကူးဉာဏ်ရင့်သန်ကြီးထွား၍ဉာဏ်ပညာကျယ်ပြန့်လာခြင်း၊လိမ္မာရေးခြားရှိလာခြင်းစသောအကျိုးကျေးဇူးတို့ဖြစ်ထွန်းသင့်သလောက်ဖြစ်ထွန်းပေမည်ဟူယုံကြည်မျှော်လင့်ရကား ကျွန်ုပ်တို့၏ဆောင်ရွက်ရမှုအတွက်ကျေနပ်ရမည်ဖြစ်ပါသတည်း။

စာမျက်နှာ

164

စာအုပ်အရွယ်အစား

5.8 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ 2023 မတ်လ (ဒုတိယအကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အင်ဒါဆင်ဒဏ္ဍာရီများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မြသန်းတင့် စာအုပ်များ