အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်

( 6 မှတ်ချက်)

5000 (ကျပ်)

၂၀၁၉ ခုနှစ်တွင် Personal Branding The Brand in You စာအုပ်ကို ရေးသားခဲ့ပြီး ယခုစာအုပ်က စာရေးသူရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်

စာရေးသူရဲ့ ဘဝဖြတ်သန်းမှုတွေ၊ ဆုံတွေ့ခဲ့ရတဲ့ သင်တန်းသူတွေ၊ လေးစားရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။

အပိုင်း ၃ ပိုင်း ပါဝင်ပြီး ပထမပိုင်းကို Exploring Me (ဆန်းသစ်သောအတွေ့အကြုံများ နှင့် ကျွန်မ), ဒုတိယပိုင်းကို Designing Me (တည်ဆောက်ခြင်းများ နှင့် ကျွန်မ), တတိယပိုင်းကို Mature Me (ရင့်ကျက်ခြင်းများနှင့် ကျွန်မ) ဆိုပြီး ခွဲခြားထားပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်ကို တည်ဆောက်နိုင်ဖို့ရာ အထောက်အကူ ပြုနိုင်မဲ့ မိမိကိုယ်မိမိ ယုံကြည်မှု၊ ကိုယ်ရည်ကိုယ်သွေး၊ လုပ်ငန်းခွင်၊ မိသားစု၊ ငွေကြေးစီမံခန့်ခွဲမှု၊ လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှု၊ စိတ်ခံစားချက်များကို ကိုင်တွယ်နိုင်ခြင်း၊ ကျန်းမာရေး၊ ပညာရေး စတာတွေကို စုံစုံလင်လင်လေး ထည့်ရေးထားပါတယ်။

ဆရာမ ဂျူးလည်း အမှာစာ ​ရေး​ပေးထားတဲ့ ဒီစာအုပ်ကလေးက ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဝေဖန်ပြီး ကိုယ်ရည်ကိုယ်သွေး တိုးတက်ချင်တဲ့ အမျိုးသမီးတွေ၊ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေနဲ့ ကိုက်ညီပြီး ရေရှည်လည်း ခံမဲ့ ပုံရိပ်တစ်ခုကို တည်ဆောက်ချင်တဲ့ အမျိုးသမီးတွေ၊ ကိုယ့်ဘဝကို အကောင်းဆုံးတည်ဆောက်ချင်တဲ့ အမျိုးသမီးတွေအတွက် လက်စွဲစာအုပ် ဖြစ်လာမှာပါ။

စာမျက်နှာ

252

စာအုပ်အရွယ်အစား

5.7 × 0.4 × 8.1 inches

ပုံနှိပ်မှတ်တမ်း

ပီတိအိမ်စာပေ၊ 2021 ဇန်နဝါရီလ (ပ-ကြိမ်)

14 in stock

အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ် အား ဝေဖန်သုံးသပ်မှု 6 ရှိပါသည်။

  1. Soe Lay

    အရမ်းတန်ဖိုးရှိတဲ့မိန်းမသားတိုင်းဖတ်သင့်တဲ့စာအုပ်လေးတအုပ်ပါအရေးအသားလေးကအရမ်းပြောင်မြောက်ပေီးမဖြစ်မနေဖြစ်သင့်တဲ့စာအုပ်လေးတအုပ်ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ထက်ရည် (Htet Yie) စာအုပ်များ