သိပ်တော်တဲ့ ငါ

( 2 မှတ်ချက်)

5000 (ကျပ်)

လူတစ်ယောက်က နေရာတကာမှာ လူတကာထက် ပိုပြီးတော်နေ၊တက်နေ၊သိနေနိုင်မှာတော့ မဟုတ်ပါဘူး။ကိုယ့်ကိုယ် ကိုယ် အဲဒီလို ဖြစ်နေပြီလို့ ယူဆနေရင်လည်း အဲဒါ လွဲမှားမှုတစ်ခု၊ဘဝင်မြင့်မှုတစ်ခု၊အယုံအကြည်လွန်ကဲမှု တစ်ခုသာ ဖြစ်ပါလိမ့်မယ်။ဒါပင်မဲ့ လူတစ်ယောက်ဟာ တစ်နေရရာမှာ တစ်စုံတစ်ဦးထက်တော့ သိပ်တော်နေဖို့ လိုအပ်ပါတယ်။ ဆိုလိုချင်တာက နေရာတကာမှာ လူတကာထက် သိပ်တော်နေဖို့ မလိုပါဘူး တစ်နေရာရာမှာတော့ တစ်စုံတစ်ဦးထက် သိပ်တော်နေဖို့ လိုအပ်ပါတယ်။နောက်ပြီး ကိုယ့်အတွက် အရာရာ အဆင်ပြေနေချိန်၊ အရာရာလွယ်ကူနေချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် သိပ်တော်နေတယ်လို့ မခံယူပါနဲ့ အရာရာ အဆင်မပြေချိန် ခက်ခဲနေချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် သိပ်တော်ကြောင်း ခံယူအားမွေးဖို့သာ ကြိုးစားပါ။ အများတကာရဲ့ ရှေ့မှာ မဟုတ်ဘူးဆိုရင်တောင် ကိုယ်တစ်ယောက်တည်းရှိနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားပေးသင့်ပါတယ်။

*သိပ်တော်တဲ့ ငါ*ဖြစ်ကြောင်း စိတ်၏အတွင်း သန္တာန်မှာ ခံယူစွဲမှတ်ထားပါ အဲဒီခံယူချက်က တစ်ပါးသူတွေရှေ့မှာ ကြွားဝါဖို့ မဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားပေးဖို့ စိတ်ဓာတ်မြှင့်ပေးဖို့သာ ဖြစ်ပါတယ် လူတိုင်းသိပ်တော်နိုင်ကြပါစေ…။

စာမျက်နှာ

130

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2023 အောက်တိုဘာလ (သတ္တမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

2.11.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 5000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

13 in stock

သိပ်တော်တဲ့ ငါ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. nover

    ရမ်းကြိုက်

  2. Anonymous

    အရမ်းမှန်ပါတယ်ဆရာ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သုနေ စာအုပ်များ