သိပ်တော်တဲ့ ငါ (20 % OFF )
2800 (ကျပ်)
လူတစ်ယောက်က နေရာတကာမှာ လူတကာထက် ပိုပြီးတော်နေ၊တက်နေ၊သိနေနိုင်မှာတော့ မဟုတ်ပါဘူး။ကိုယ့်ကိုယ် ကိုယ် အဲဒီလို ဖြစ်နေပြီလို့ ယူဆနေရင်လည်း အဲဒါ လွဲမှားမှုတစ်ခု၊ဘဝင်မြင့်မှုတစ်ခု၊အယုံအကြည်လွန်ကဲမှု တစ်ခုသာ ဖြစ်ပါလိမ့်မယ်။ဒါပင်မဲ့ လူတစ်ယောက်ဟာ တစ်နေရရာမှာ တစ်စုံတစ်ဦးထက်တော့ သိပ်တော်နေဖို့ လိုအပ်ပါတယ်။ ဆိုလိုချင်တာက နေရာတကာမှာ လူတကာထက် သိပ်တော်နေဖို့ မလိုပါဘူး တစ်နေရာရာမှာတော့ တစ်စုံတစ်ဦးထက် သိပ်တော်နေဖို့ လိုအပ်ပါတယ်။နောက်ပြီး ကိုယ့်အတွက် အရာရာ အဆင်ပြေနေချိန်၊ အရာရာလွယ်ကူနေချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် သိပ်တော်နေတယ်လို့ မခံယူပါနဲ့ အရာရာ အဆင်မပြေချိန် ခက်ခဲနေချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် သိပ်တော်ကြောင်း ခံယူအားမွေးဖို့သာ ကြိုးစားပါ။ အများတကာရဲ့ ရှေ့မှာ မဟုတ်ဘူးဆိုရင်တောင် ကိုယ်တစ်ယောက်တည်းရှိနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားပေးသင့်ပါတယ်။
*သိပ်တော်တဲ့ ငါ*ဖြစ်ကြောင်း စိတ်၏အတွင်း သန္တာန်မှာ ခံယူစွဲမှတ်ထားပါ အဲဒီခံယူချက်က တစ်ပါးသူတွေရှေ့မှာ ကြွားဝါဖို့ မဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားပေးဖို့ စိတ်ဓာတ်မြှင့်ပေးဖို့သာ ဖြစ်ပါတယ် လူတိုင်းသိပ်တော်နိုင်ကြပါစေ…။
စာမျက်နှာ | 130 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.4 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | မိုးကောင်းမြေစာပေ၊ 2022 မတ်လ (ပ-ကြိမ်) |
17 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ