အိကီဂိုင်
4000 (ကျပ်)
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေတဲ့နေရာ
ဘ၀ရဲ့ ဦးတည်မှုကို ရှာဖွေတဲ့နေရာမှာ
အလင်းပြမယ့် လျှို့ဝှက်ချက်လေးတစ်ခု…
‘အိကီဂိုင်’ လို့ ဂျပန်တွေက ခေါ်ကြပါတယ်
အိကီဂိုင်ဆိုတာ လူတစ်ယောက် တစ်နေ့တာကို စတင်ခြင်းရဲ့အကြောင်းရင်းပဲတဲ့။ ကိုယ့်ရဲ့အီကီဂိုင်ကို ရှင်းရှင်းလင်းလင်း ရှိထားခြင်းဖြင့် ပျော်ရွှင်မှု၊ ကျေနပ်ဖွယ်ရာတွေနဲ့ ဘ၀ကို အဓိပ္ပာယ်ပြည့်စေပါတယ်။ ဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကလည်း ကိုယ့်ရဲ့အိကီဂိုင်ကို ရှာဖွေဖို့နဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာရေးနဲ့ပက်သက်တဲ့ ဂျပန်အတွေးအခေါ် ဒဿနတွေ၊ ဘ၀အမြင်တွေကို မျှဝေပေးဖို့ပါပဲ။ ဂျပန်လူမျိုးတွေရဲ့ သက်ရှည်ကျန်းမာနည်းတစ်ခုကို လူအများ အသုံးချနိုင်ဖို့၊ တစ်နည်း မိမိကိုယ်စီရဲ့ အိကီဂိုင်ကို ရှာဖွေနိုင်ဖို့ရာ ဖြစ်ပါတယ်။
မိမိတို့ရဲ့ အိကီဂိုင်ကို ရှာဖွေတွေ့ရှိသူကတော့ ပျော်ရွှင်ကျန်းမာပြီး သက်တော်ရာကျော်ရှည်ဖို့ဆိုတာ ဆုတောင်းနေစရာမလိုဘဲ ပြည့်လာနိုင်ပါလိမ့်မယ်။
စာမျက်နှာ | 152 |
---|---|
စာအုပ်အရွယ်အစား | 5.8 × 0.5 × 8 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 ဇူလိုင်လ (ပထမအကြိမ်) |
Out of stock
Myo Tun Naung –
ဖတ်သင့်ပါတယ်
Thae JM (verified owner) –
အိကီဂိုင်……’အလုပ်လုပ်နေရတာကို ကျေနပ်ခြင်း’ တဲ့……ဘယ်လိုအလုပ်မျိုးမို့လို့ ကျေနပ်နေရတာလဲ ကျွန်မချက်ချင်းကို စိတ်ဝင်စားမိသွားတယ်……ဂျပန်တို့၏သက်ရှည်ကျန်းမာနေနည်း ဆိုတဲ့အတိုင်းပဲ သူတို့ ဘာလို့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ကြတာလဲ……ဒီစာအုပ်လေးက အဲ့ဒီမေးခွန်းရဲ့ အဖြေလို့လည်းပြောလို့ရပါတယ်……
အသက်ရှည်ရှည်မနေချင်ဘူးဆိုတာ တစ်ချို့တစ်လေပြောတာ ကြားတော့ကြားဖူးကြပါလိမ့်မယ်…..ဒါပေမယ့် သေချာလေးပြန်စဥ်းစားကြည့်ပါ…..တစ်ရက်ထက်တစ်ရက် အသက်ပိုရှည်၊ ရှင်သန်နေချင်ကြလို့ နေ့တိုင်းရုန်းကန်လှုပ်ရှား စာရေးသောက်ရေးအတွက် ရှာဖွေနေကြတာချည်းပါပဲ…..အသက်အရှည်ကြီးမနေချင်ဘူးဆိုတာ တကယ်တော့ ကိုယ့်ကိုယ့်ကိုယ် ညာနေကြတာ…..လူတိုင်းကျန်းမာချင်တယ်…..အသက်ရှည်ချင်ကြတယ်…..ကိုယ်ချစ်တဲ့ မိသားစုနဲ့ အကြာကြီးနေချင်ကြတာချည်းပဲ……
မိသားစုကိုချစ်တယ်ဆိုရင် ကိုယ့်ကိုယ်အရင်ချစ်ရပါမယ်…..ကိုယ့်ကိုယ်ဂရုစိုက်ရပါမယ်……ကိုယ်လည်းကျန်းမာနေမှ ကိုယ့်မိသားစုကိုပြန်ပြီး ဂရုစိုက်နိုင်မှာပါ……ဒါပေမယ့် ကျွန်မတို့တွေဟာ ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်……သက်ရှည်ကျန်းမာအောင်ဘယ်လိုနေရမလဲဆိုတာ မလေ့လာဖြစ်နေပါဘူး…..အဲ့ဒီအစား မိမိကိုယ်တိုင်ကစပြီး ကျန်းမာအောင်နေမယ် ကျန်းမာရေးလိုက်စားလိုက်ကြရအောင်နော်…..
အိကီဂိုင်ဆိုတာဘာလဲ…..ကိုယ့်ရဲ့အိကီဂိုင်ကို ဘယ်လိုရှာကြမလဲ……ကိုယ့်ရဲ့ အိကီဂိုင်ကရောဘာဖြစ်မလဲ……
အိကီဂိုင်ဆိုတာ အပေါ်မှာပြောခဲ့သလိုပဲ ‘အလုပ်လုပ်နေရတာကို ကျေနပ်ခြင်း’ ဆိုတဲ့အတိုင်း ကိုယ်တကယ် လုပ်ရတဲ့အလုပ်က ကိုယ့်ကို 100% ကျေနပ်စေရဲ့လား….. ကိုယ့်စိတ်ကျေနပ်မှ ကိုယ့်ရဲ့ အိကီဂိုင်ကိုလည်း ရှာဖွေဖို့လွယ်ကူလိမ့်မယ်……အိကီဂိုင်ဆိုတာ လူတစ်ယောက် တစ်နေ့တာကို စတင်ခြင်းရဲ့ အကြောင်းအရင်းပဲတဲ့…..ကိုယ့်ရဲ့အိကီဂိုင်ကို ရှင်းရှင်းလင်းလင်း ရှိထားခြင်းအားဖြင့် ဘဝက ပျော်ရွှင်မှု၊ ကျေနပ်မှုတွေနဲ့ အဓိပ္ပါယ်ရှိစေပါတယ်တဲ့…….ကျွန်မလည်း ကျွန်မရဲ့ အိကီဂိုင်ကိုရှာဖွေနေမိတယ်…..အခုလက်ရှိမှာ ကျွန်မလုပ်နေရတာတွေကို တကယ်ရောကျေနပ်မှုရှိရဲ့လားပေါ့……. ကျွန်မရဲ့ အိကီဂိုင်ကို ရှာဖွေဖို့ ဒီစာအုပ်လေးက အကောင်းဆုံးပဲလို့ယုံကြည်ပါတယ်….
လူတော်တော်များများက ဒီအလုပ်မှာမပျော်တော့ဘူး…..အိမ်အလုပ်လုပ်ရတာ ပင်ပန်းလိုက်တာ……ကျောင်းတက်ရတာမပျော်ဘူး…..စတဲ့အရာတွေက ကိုယ့်ရဲ့ အိကီဂိုင်ကိုရှာမတွေ့သေးလို့ လို့ကျွန်မမြင်မိပါတယ်…..
အမြဲပျော်ရွှင်ကျန်းမာနေကြတဲ့သူရယ်လို့တော့မရှိပါဘူး…..ဒါပေမယ့် ပျော်ရွှင်ကျန်းမာနေကြတဲ့သူတော်တော်များများကတော့ သူတို့ရဲ့ အိကီဂိုင် ကိုရှာဖွေတွေ့ရှိထားသူလို့ မြင်မိပါတယ်….. မိသားစုနဲ့ တစ်ရက်လည်းတစ်ရက် ၊ တစ်လလည်းတစ်လ၊ တစ်နှစ်ဆိုလည်းတစ်နှစ် ပိုနေချင်ကြတဲ့သူတွေချည်းပါပဲ….ကျွန်မလည်းအပါအဝင်ပေါ့……အဲ့တော့ ဒီစာအုပ်လေးကိုဖတ်ကြည့်ကြပါ…..ဖတ်ကြည့်ပြီးရင် ဖိုးသက်ရှည် ဖွားသက်ရှည်တွေ နေထိုင်နည်းအတိုင်း နေထိုင်ကြည့်ပါ……. သက်ရှည်ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မယ့် လျှို့ဝှက်ချက်လေးတွေကို ရှာတွေ့နိုင်မှာပါ…..
ကိုယ့်ရဲ့ အိကီဂိုင်ကို ရှာဖွေတွေ့ရှိပြီး သက်ရှည်ကျန်းမာကြပါစေ…….
Thae JM