ရွှင်ပျော်ပျော် အောင်မြင်ရေးအိုင်ဒီယာများ

( 0 မှတ်ချက်)

4000 (ကျပ်)

ကြည့်တတ် မြင်တတ် ရှာတတ် ဖွေတတ်ရင် ရယ်စရာမောစရာ ဟာသတွေထဲမှာလည်း အောင်မြင်ရေးနည်းလမ်းတွေပါတယ်။ ဟာသကို လူတိုင်းချစ်တယ်။ ဟာသဆိုတာ ပေါ့ပေါ့ပါးပါးရှိတယ်။ ဟာသကို နက်နက်ရှိုင်းရှိုင်း ခံစားကြည့်ရင် အောင်မြင်ရေး အိုင်ဒီယာတွေတွေ့ရမယ်။ အိုင်ဒီယာတွေကို ဖမ်းဆုပ်ကိုင်တတ်မယ်ဆိုရင် အလုပ်ဖြစ်တယ်။

ဘဝမှာ တစ်ခါတစ်ရံ ဘဝအမောတွေနဲ့ ပင်ပန်းတယ်။ စိတ်ဓာတ်ကျချင်တယ်။ ထွက်ပေါက်မရှိတော့သလိုခံစားရတယ်။ ဆက်မကြိုးစားဘဲ လက်လျှော့လိုက်ချင်တယ်။ ဒီလိုအခါမျိုးမှာ ရယ်မောစရာလေးတွေ ဖတ်ရှုခံစားလိုက်ရင် အတွေးသစ် အမြင်သစ် အားအင်သစ်တွေ ရနိုင်ပါတယ်။

စာအုပ်ပါအကြောင်းအရာများဟာ တကယ်မဟုတ်ဘဲ ဟာသအမြင်နဲ့ ရေးထားတာဖြစ်တယ်။ ပျော်စရာ ရွှင်စရာ ဟာသတွေသာဖြစ်ပါတယ်။ ဒီထဲက “အိုင်ဒီယာ” ကိုပဲ ဆွဲထုတ်ယူကြမယ်။ အိုင်ဒီယာအချို့ကတော့ “ညစ်ဉာဏ်” တွေဖြစ်ပါတယ်။ ညဏ်ဉာဏ်ကိုယူဖို့မဟုတ်ဘဲ အညစ်မခံရအောင် ညစ်ညဏ်ကို သိဖို့ ရည်ရွယ်ပါတယ်။ အဓိကကတော့ အိုင်ဒီယာကို မိဖို့ပါ။ “အိုင်ဒီယာ” တွေကို ကိုယ့်ဘဝမှာ အပ်စပ်အောင် အသုံးချတတ်ဖို့ပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်ရေးပန်းတိုင်ကို ချီတက်နိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

134

စာအုပ်အရွယ်အစား

5.1 x 0.3 x 7.5 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2023 စက်တင်ဘာလ (ဒုတိယ-ကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရွှင်ပျော်ပျော် အောင်မြင်ရေးအိုင်ဒီယာများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကျော်ရင်မြင့် စာအုပ်များ