ရေခဲနဂါး
2500 (ကျပ်)
‘အဒါရာ’ ဆိုတဲ့ ကောင်မလေးက အလွန်အင်မတန် ရှားပါးတဲ့ ရေခဲနဂါးတစ်ကောင်နဲ့ သူငယ်ချင်း ဖြစ်သွားပါတယ်။ တစ်နေ့ကျတော့ မီးနဂါးတွေက အဒါရာရဲ့ရွာထဲ ရောက်လာပြီး မြင်မြင်သမျှကို မီးရှို့ဖျက်ဆီးပါတော့တယ်။ အဲ့ဒီအခါ ရေခဲနဂါးက သူ့သူငယ်ချင်း အဒါရာကို ဘယ်လိုကယ်တင်ပြီး မီးနဂါးတွေကို ဘယ်လိုတိုက်ခိုက်မလဲ ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ဖတ်ရှုရမှာပါ။ Game Of Thrones မှာ ပါဝင်တဲ့ အရာတချို့ကို ဒီစာအုပ်ထဲမှာ တွေ့ရမှာပါ။ ဒီစာအုပ်ဟာ အသက်အရွယ်မရွေး ဖတ်ရှုလို့ရတဲ့ စာအုပ် ဖြစ်ပါတယ်။ ကလေးများအတွက်လည်း အလွန်သင့်လျော်ပါတယ်။ စာအုပ်အတွင်း ရုပ်ပြပုံပေါင်း ၃၀ ကျော် ပါဝင်တယ်။ Animated Movie အဖြစ်လည်း Warner Bros က ရိုက်ကူးဖို့ ပြင်ဆင်နေပါပြီ။ GRRM က ဒီဝတ္ထုတိုကို Game Of Thrones ကို မရေးခင် ၁၉၈၀ ခုနှစ်မှာ ရေးသားခဲ့တယ်။ ဒီဝတ္ထုကို El Dragòn de hielo အမည်နဲ့ စပိန်နိုင်ငံမှာ ဘာသာပြန်ဆိုခဲ့တာ၂၀၀၄ ခုနှစ်အတွက် အကောင်းဆုံးဘာသာပြန်ဝတ္ထုတိုဆု Ignotus Award ကို ရရှိခဲ့တယ်။ ဂျပန်နိုင်ငံမှာ ဘာသာပြန်ဆိုခဲ့တဲ့အခါမှာလည်း ၂၀၀၅ ခုနှစ်မှာ Seiun Award အတွက် လျာထားခြင်းခံခဲ့ရတယ်။
စာမျက်နှာ | 88 |
---|---|
စာအုပ်အရွယ်အစား | 5x 0.25 x 7.25 inches |
ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2020 ဇန်နဝါရီလ၊ (ပထမ-ကြိမ်) |
10 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ