ထမီကျွတ်၍ လွှတ်လိုက်မည်

( 1 မှတ်ချက်)

3500 (ကျပ်)

ဤဝတ္ထုသည် နိုင်ငံကပင်လျှင် လှပါပေသည်ဟု ဆိုခဲ့ရသော မိန်းမငယ်တစ်ယောက်၏ အကြိမ်ကြိမ်အဖန်ဖန်ပြန်ကြော့၍ နွှဲခဲ့သော မကျေနပ်ပွဲများ၏ အကြောင်းသာပါတည်း

ဤဝတ္ထုသည် ရုပ်ရှင်နယ်တွင် ခုနစ်နှစ်ခန့်မျှ ကျင်လည်ခဲ့၍ ယနေ့ထက်တိုင်လည်း ကျင်လည်ဆဲ၊ နောင်အခါ၌လည်း ဆက်လက်ကျင်လည်နေဦးမည့် ရုပ်ရှင်မင်းသမီးတစ်ယောက်၏အကြောင်းဟူ၍လည်း ယူဆလိုကယူဆနိုင်ပါ၏….

 

စာမျက်နှာ

186

စာအုပ်အရွယ်အစား

5.1 x 0.3 x 8.0 inches

ပုံနှိပ်မှတ်တမ်း

လင်းလွန်းခင်စာပေ၊ 2022 မတ်လ သတ္တမအကြိမ်

2 in stock

ထမီကျွတ်၍ လွှတ်လိုက်မည် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Pyae Ar Kar

    မသည်းအူကို ကြင်နာပင် ကြင်နာသော်လည်း ၊ ကြည်ဖြူပင် ကြည်ဖြူသော်လည်း ၊ ခုံမင်ပင် ခုံမင်သော်လည်း ၊ စုံမက်ပင် စုံမက်သော်လည်း ..

    မသည်းအူဆိုတာ မောင်မောင့်ရဲ့ ချစ်ခင်စုံမက်လွန်းတဲ့ မေတ္တာအဟုန်နဲ့ အမြတ်တနိုး ပေးထားခဲ့ဖြစ်တဲ့ နာမည်လေးပေါ့ .. အသက် ၃ နှစ်ကွာတဲ့ မသည်းအူလေးကို မောင်မောင် ဘယ်လောက်ထိ ချစ်လဲဆိုရင် ..

    မသည်းအူရဲ့ လူတိုင်းနဲ့မတည့်သော အစ်ကိုဖြစ်သူနဲ့ တည့်အောင်ပေါင်းတယ် ၊ အဖေဖြစ်သူကော အမေဖြစ်သူနဲ့ပါ ရင်းနှီးကျွမ်း၀င်အောင် နေတယ် ..

    သို့သော်လည်း ကံကြမ္မာက သူ့ဘက်မှာ မရှိနေသောအခါ စွန့်စားဖို့တွေဖြစ်လာတယ် .. မသည်းအူနဲ့ နှစ်ယောက်တစ်အိမ်မက် မက်နေတုန်း မသည်းအူ မိဘတွေရဲ့ စေ့ဆော်မှုကြောင့်လို့ ပြောရမလား ၊ မသည်းအူ ကိုယ်တိုင်က အိပ်မက်ကနေ လန့်နိုးလာခဲ့လေသလား လို့ပြောရမလား .. တချိန်မှာ မသည်းအူကိုယ်တိုင် ဝေခွဲမရခဲ့တဲ့ ပြဿနာ တစ်ရပ်ကို မသည်းအူ ကျူးလွန်ခဲ့မိတယ် ..

    သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ ဒီမှာနေ တစ်ခန်းရပ်မသွားခဲ့သေးပါဘူး .. ကမ္ဘာမြေကြီးက ပြဿနာတွေကို မျက်နှာချင်းဆိုင် မဖြေရှင်းရသေးတဲ့ လူနှစ်ယောက်ကို တစ်နေ့နေ့ တချိန်ချိန်မှာ တစ်နေရာမှာ ဆုံစေပီး ထိုစဉ်တုန်းက အကြောင်းအရာတွေကို ပြန်ပြောင်းအောက်မေ့ စေတတ်သေးတာ ..

    ဒီစာအုပ်ဟာ ဆရာမောင်သာရရဲ့ သတ္တမအကြိမ်မြောက်ထိ ရိုက်နှိပ်ခဲ့ရသော စာအုပ်တစ်အုပ်ဖြစ်ပီး ကက်ဆက် အသံလွှင့် ဇာတ်လမ်းအဖြစ်လည်း ထုတ်လွှင့်ခဲ့တာကြောင့် အောင်မြင်ခဲ့သော စာအုပ်တစ်အုပ်လည်း ဖြစ်တယ် .. ဒါအပြင် ၂၀၁၇ ခုနှစ်လောက်တုန်းကလည်း ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးခဲ့ပါသေးတယ် ..

    ၁၉၆၅ ခုနှစ်မှာ ပထမအကြိမ်ထွက်ရှိခဲ့တဲ့ ဒီစာအုပ်ဟာ ၁၉၆၀ ခုနှစ်က မင်းသမီးတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို အခြေတည်ပီး ရေးသားထားတာဖြစ်ကြောင်း ဆရာရဲသျှမ်းရဲ့ စာညွှန်းပိုစ့်မှာ တွေ့ခဲ့ရပါသေးတယ် ..

    နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အကြောင်းအရာ ၊ အရေးအသား‌ဆိုပေမယ့် ယနေ့အချိန်အထိ စာဖတ်သူတွေသာမက စာရေးဆရာတွေပါမကျန် အကြိုက်ဖြစ်ခဲ့ ၊ ဖြစ်နေဆဲ စာအုပ်တစ်အုပ် ဘာကြောင့် ဖြစ်နေလဲ ဆိုတာကတော့ ဖတ်ကြည့်ပီးရင် သင်သိသွားပါလိမ့်မယ် …..

    စာအုပ်အမည် #ထမီကျွတ်၍လွှတ်လိုက်မည်
    စာရေးသူ #မောင်သာရ

    #စာညွှန်းအိမ်
    #PyaeArKar

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

မောင်သာရ စာအုပ်များ