ဒါကြောင့် ငါ…မရှိ
4000 (ကျပ်)
လူသားဟာ နာကျင်မှုတွေ အစွန်းရောက်လာတဲ့အခါ လွတ်မြောက်ရာကိုရှာတတ်ကြပါတယ်။ အမှောင်ထုရဲ့တစ်ဖက်မှာ အလင်းရောင် အမှုန်အမွှားလေးပဲဖြစ်ဖြစ်ရှိနေမယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ မှောင်မိုက်ခြင်းကနေ ထွက်ပြေးချင်ကြတယ်။ အမှောင်ရဲ့ တစ်ဖက်အခြမ်းမှာ ပိုနက်ရှိုင်းတဲ့၊ ထုထည်ကြီးတဲ့ အမှောင်ထုကြီး ရှိနေမယ်ဆိုရင်တောင် လတ်တလောနာကျင်ရခြင်းကနေ လွတ်မြောက်ဖို့က ပြည့်စုံတဲ့ ရည်မှန်းချက်ပါပဲ။ တကယ်တော့ ရှင်သန်နေထိုင်ရခြင်းရလည်း နာကျင်ဖွယ်ပဲမဟုတ်လား။
ဒီ၀တ္ထုဟာ ဆယ်ကျော်သက် လူငယ်တစ်ယောက်ရဲ့ သူဖြတ်သန်းလာခဲ့ရတဲ့ နာကျင်စရာတွေကို ဗဟိုပြုထားတာလည်း ဖြစ်တယ်။ ဇာတ်လမ်းရဲ့ အဖွင့်မှာတင် လူတစ်ယောက်ဟာ ဘယ်လောက်နာကျင်နိုင်လဲဆိုတာကို မေးခွန်းထုတ်ထားခဲ့ပြီး ချစ်ခြင်းတရားကို တောင့်တနေတဲ့ လူငယ်တစ်ယောက်ရဲ့ နာကျင်မှုတွေ၊ အထီးကျန်မှုတွေနဲ့ နောက်ဆက်တွဲရလာတဲ့ အကျိုးဆက်တွေကို လက်ခံလိုက်ရတဲ့ အကြောင်းတွေပါပဲ့။
စာအုပ်နှင့်ပက်သက်၍လည်း ဤသို့မှတ်ချက်ပြုထားပါတယ်။
” ရှေးရိုးစဉ်လာတွေကို လက်ခံပြီး အင်မတန်မွန်မြတ်သန့်စင်တဲ့ လူ့အဖွဲ့အစည်းတရပ်ရှိနေသေးတယ်လို့ ယုံကြည်ထားတဲ့လူတွေအတွက်တော့ ဒီ၀တ္ထုက အဆင်ပြေလှမယ် မထင်ဘူး။ ကိုယ်ကိုယ်တိုင်က အဲလိုယုံကြည်လက်ခံထားရင် မဖတ်ဖို့တိုက်တွန်းချင်ပါတယ်။ အဆိပ်ပါလို့ကြိုပြောထားတာမို့ မြည်းကြည့်မိရင်တော့ ကိုယ်ဘ၀ကိုယ့်အကြောင်းပါပဲ။
စာမျက်နှာ | 262 |
---|---|
စာအုပ်အရွယ်အစား | 5.7 x 0.7 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | မဟာစာပေ၊ 2020၊ နိုဝင်ဘာလ (ပ-ကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ