ထောက်ထားစရာဆိုလို့ ကိုယ်တို့ကြားမှာဓားတွေပဲရှိတော့တယ်
1500 (ကျပ်)
ထောက်ထားစရာတွေ မထောက်ထားစရာတွေ
ကြေမွနေရတာတွေ
လက်လွတ်ဆုံးရှုံးခံ့ခဲ့ရတာတွေအတွက်
ကျွန်တော်တို့မှာ
တယောက်ယောက်ကို ထောက်ထားစရာဆိုလို့
ဓားတွေပဲ ရှိနေတော့တဲ့ အခါမျိုး ကျရောက်ဖူးကြမယ် ထင်တယ်
ဒါပေမယ့်
ကဗျာဆရာဟာ
သူ့ဓားကို အေးစက်တဲ့ စကားအဖြစ်
သူ့ဓားကို လှပတဲ့ သက်တံတခုအဖြစ်
ပြောင်းလဲယူပစ်ခဲ့ပုံပါပဲ
အဆုံးကဗျာလေးမှာ သူပေးထားတယ်
“အခုလောက်မှ မမြန်ရင်
ဘယ်ကိုမှ ပြန်မရောက်ချင်တော့ဘူး
အားလုံးပျော်ရွှင်ပါစေ
ကျွန်တော်
မေ့ပစ်ခြင်းကိုပဲ ပေးပို့လိုက်ပါတယ်” တဲ့
တခုထပ်ပြောချင်တာက
ဒီကဗျာတွေကို တပုဒ်နဲ့ တပုဒ်
အဆက်အစပ်မဲ့စွာ ဖတ်လို့ရသလို
ဆက်စပ်ပြီး တူးဖော်ကြည့်လို့လည်း
ရနေပြန်တယ် ဆိုတာပါပဲ
အလောင်းကိုပြန်ဖော် အရိုးတွေကို ဆက်ကြည့်သလိုမျိုးပေါ့
မဆက်ရင်လည်း ဦးခေါင်းခွံ နံရိုး စသဖြင့် သီးခြားမြင်ရပါတယ်
ကဗျာဆရာ စိုင်းဝင်းမြင့်ကတော့ ဒီလိုပြောတယ်
“ဒီနေ့ရယ်ဖြစ်တယ်” ကဗျာမျိုးကို ကျွန်တော်ကြိုက်နှစ်သက်တယ်
“ရေနဲ့သေတဲ့ ငါ့ဟာရေကိုပဲ သတိရတယ်” ဆိုပြီး သူရသွားတာလှလည်းလှ
သူ့ကဗျာအများစုရဲ့ ကဗျာအသွားတွေဟာ
ပေါ့ပါးခြင်းနဲ့အတူ တစ်ပြိုင်တည်း လေးနက်လို့
စာမျက်နှာ | 37 |
---|---|
စာအုပ်အရွယ်အစား | 5.9 × 0.3 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | 2020 ဒီဇင်ဘာလ (ပ-ကြိမ်) |
Htet Htet Aung –
ဆရာပရိတ်သတ်မို့ပါ။စာအုပ်နာမည်နဲ့တင်သဘောကျမိလို့ပါ။
နန်းအေးဝင်းရွှေ –
စာအုပ်နာမည်နဲ့တင်ဖတ်ချင်ခဲ့တာပါ
အဲဒီစာသားကိုတော်တော်ကြိုက်လို့စာအုပ်ဖတ်ချင်မိပါတယ်
Lwin min oo –
ဆရာစိုင်းဝင်းမြင့်
ရေးတင်ဖူးတဲ့
“ထောက်ထားစရာဆို မင်းနဲ့ကိုယ့်ကြား
ဓားတွေပဲ ရှိတော့မှာပေါ့ ”
စာသားလေးက ဖတ်ချင်ခဲ့တာပါ