တစ်သက်တစ်ခါထာ၀ရ

( 0 မှတ်ချက်)

5500 (ကျပ်)

ဆရာ မိုးဦးနေရဲ့ “တစ်သက် တစ်ခါ ထာဝရ”ဟာ ဆရာ့ရဲ့ ပထမဦးဆုံး လုံးချင်းဝတ္ထု ဖြစ်ပါတယ်။ ဒီဝတ္ထုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်လောက်က ခေတ်စနစ်တစ်ခုမှာ ပေါက်ဖွားခဲ့တဲ့ ဆွတ်ပျံ့ကြည်နူးဖွယ် ချစ်ခြင်းမေတ္တာတွေအကြောင်းကို ရေးဖွဲ့ထားတာပါ။

ဒီဘက်ခေတ်လို ပျက်စီးယိုယွင်းမှုတွေ ရှိမနေသေးတဲ့ ဖားကန့်ကျောက်စိမ်းမြေရဲ့ အတိတ်လှလှတွေကို မြင်ယောင်ခံစားလို့ရမယ့် ဝတ္ထုတစ်ပုဒ်ပါ။

ဖတ်နေရင်း တချို့နေရာတွေမှာ ကြည်နူးရ၊ တချို့နေရာတွေမှာ ဝမ်းနည်းရ၊ တချို့နေရာတွေမှာ ဖျတ်ခနဲ လှပ်ခနဲ ရင်ဖိုမောရစေမှာဖြစ်လို့ စာဖတ်သူကိုယ်တိုင် ဇာတ်ကောင်တွေနဲ့အတူ လိုက်ပါစီးမျောခွင့်ရမှာပါ။

ကျယ်ပြောနက်ရှိုင်းလှတဲ့ ချစ်ခြင်းမေတ္တာရဲ့ အနက်အဓိပ္ပာယ်တစ်ချို့ကို ဖွေရှာခံစားနိုင်မယ့် လွမ်းမောဖွယ်ဝတ္ထုတစ်ပုဒ်လို့လည်း ညွှန်းလိုက်ချင်ပါတယ်။

စာမျက်နှာ

375

စာအုပ်အရွယ်အစား

5.4 × 1 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ဆုရောင်စဉ်စာပေ ၂၀၂၀၊ စက်တင်ဘာလ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တစ်သက်တစ်ခါထာ၀ရ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မိုးဦးနေ စာအုပ်များ