ထာဝရပုံပေ

( 1 မှတ်ချက်)

6000 (ကျပ်)

ထာဝရပုံပေ စာအုပ်လေးဟာ သမိုင်းကြောင်းနောက်ခံ ပုံပေမြို့ဖြစ်ရပ် Historical BL ဇာတ်လမ်းလေးဖြစ်ပါတယ်။ ရောမခေတ်ကာလကိုနောက်ခံထားပြီး ပုံပေမြို့ကြီးမှာ ဇာတ်အိမ်တည်ကာ ပုံပေအကြောင်း ရောမလူမျိုးတွေအကြောင်း၊သမိုင်းအဖြစ်အပျက်တွေအကြောင်း၊အသေးစိတ်ပါဝင်ပြီး ဖတ်လိုက်တိုင်းမှာ မတူညီတဲ့ ရသများပေးစွမ်းမယ့် စာအုပ်လေးပဲ ဖြစ်ပါတယ်။
အီတလီနိုင်ငံ ပုံပေမြို့၏ ရောမခေတ်ဟောင်းကြီးထဲ ကိုယ်တိုင်ထဲကို ရောက်သွားသလို ခံစားလိုသူများ၊ဆန်းသစ်တဲ့ ဇာတ်လမ်း ဇာတ်အိမ်များကို သဘောကျနှစ်ခြိုက်သူများအတွက်သဘောတွေ့စေမယ့် စာအုပ်ကောင်းတစ်အုပ်…

စာမျက်နှာ

530

စာအုပ်အရွယ်အစား

5.4 x 1.1 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2019 သြဂုတ်လ (ပ-ကြိမ်)

Out of stock

ထာဝရပုံပေ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aye Myint Moe

    ထာ၀ရပုံပေတဲ့..ညီမ ဒီ Fic လေးကို မမွန် WP မှာတင်ပေးတော့ ၂ပိုင်းပဲဖတ်ဖြစ်တယ်..ဘာဖြစ်လို့လဲဆိုတော့ Complete မဖြစ်ရင် မဖတ်တာရယ်…ငိုရမယ့်အကြောင်းရာတွေကို ရှောင်ချင်တာကြောင့်လည်း ပါပါတယ်။

    ဒါပေမယ့်..၃ပိုင်းထိဖတ်ပြီးသွားတဲ့အချိန်မှာ ညီမ ဒီ Fic လေးကို စာအုပ်အဖြစ်ကိုင်ပြီး ဖတ်ချင်တဲ့အထိဖြစ်ခဲ့ရတယ်။
    အဲ့လို အားခဲထားပေမယ့်လည်း တစ်ကယ်တမ်း စာအုပ်လေးအဖြစ်ထွက်လာတော့ ညီမ မ၀ယ်ဖြစ်ခဲ့ဘူး။

    ဒါလေးနဲ့ပတ်သက်လို့ Recormend တွေတက်တက်လာတာ တွေ့ပေမယ့်လည်း နည်းနည်းကြေကွဲရတယ်ဆိုလို့ မဖတ်ဖြစ်ခဲ့ဘူး။ အခုမှ မနေနိုင်တဲ့အဆုံး WP ထဲရောက်လာခဲ့တယ်။
    ဖတ်ရင်းနဲ့ ပုံပေရဲ့အလှ၊ သဘာ၀တွေကို မြင်ယောင်ပြီး အဲ့ဒီနေရာကို သွားချင်မိတဲ့အထိ၊ ပြိုလဲနေတဲ့အုတ်တံတိုင်းအချို့ ၊ တူးဖော်ထားတဲ့ ရုပ်ကြွင်းတွေနဲ့မီးတောင်တွေကို မြင်ချင်လာတယ်။

    တွေးမိတာတစ်ခုက ရောမခတ် အရှင်တွေနဲ့ကျွန်တွေရဲ့ဆက်ဆံရေး..နေပုံထိုင်ပုံ၊ အပျော်ကိစ္စတွေက သူတို့အတွက်တော့အေးဆေးပြီး အရမ်းတွေပွင့်လင်းတယ်ပေါ့လေ။
    ****
    တစ်ကြိမ်တစ်ခါမှ တွေ့ဆုံဖူးခြင်းမရှိတဲ့ လူသားနှစ်ယောက်ရဲ့ ပထမဆုံးပုံရိပ်က..တစ်ချို့လူတွေအတွက် ကဗျာဆန်ချင်ဆန်မယ်..ဒါမှမဟုတ် တစ်သက်တာလုံးအတွက်အမှတ်တရအဖြစ် ကျန်ရှိချင်ကျန်ရှိလိမ့်မယ်..ထိုလူသားနှစ်ယောက်အတွက်တော့ ထုတ်မပြောဖြစ်ကြတဲ့ အတွေးတွေနဲ့သာ။
    အချစ်တစ်ခုပေါက်ဖွားဖို့အတွက် အချိန်လိုသလား..ဒါမှမဟုတ်ကြင်နာယုယမှု ၊ ဂရုစိုက်မှုတွေကပဲ အချစ်တွေကိုတိုက်စားခဲ့သလားပဲ..သူတို့အတွက်တော့ အချစ်ဆိုတာ အင်း…နူးညံ့မှုနဲ့တွယ်တာမှုလို့ဆိုချင်တယ်။
    ****
    အချစ်တွက်နှလုံးသားကို ရင်းလိုက်ပေမယ့် အဲ့နှလုံးသားထဲမှာ ကျဆုံးဖြစ်သွားတော့ ဘယ်သူ့အပြစ်တင်ရမလဲ..အရှင်နဲ့အစေခံကြား မဖြစ်နိုင်တဲ့တံတိုင်းတွေကာရံထားပေမယ့်…ထိုတံတိုင်းထက်ကြီးမားတဲ့အရာတွေလည်း ရှိသေးတာပဲ..ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခုမှာ ထိုလူသားနှစ်ယောက် ရုန်းထွက်မရအောင်ကျရှုံးခဲ့တဲ့အထိ..။

    ****
    လုံး၀မထင်ထားတဲ့ဖြစ်ရပ်တစ်ခုက ဖတ်နေရင်း ဟာ ဆိုပြီးဖြစ်သွားရတယ်..မျက်နှာပေါ်က သေရာပါဒဏ်ရာပေးတဲ့သူက သူပါလားဆိုတဲ့အသိကြောင့် အဲ့ဒီလို နောက်တစ်ယောက်ကို ချစ်မိတာ စိတ်သက်သာရာရစေတယ်။
    ****
    အချစ်ဆိုတာ ကိုယ့်ရဲ့ရပ်တည်ချက်တွေတောင်မှ ပြေပျောက်သွားစေတယ်..အတူဖြတ်သန်းခဲ့ကြတဲ့ ပျော်ရွှင်မှု၊ ကြည်နူးမှု၊ နာကျင်၀မ်းနည်းမှုတွေရဲ့အဆုံး….
    ဘယ်အချိန်ထဲက စတင်ခေါ်ယူခဲ့ကြမှန်းမသိတဲ့ ကိုယ့်ရဲ့ချစ်ခင်မြတ်နိုးမှုကိုဖော်ပြဖို့အတွက်…အမည်နာမတစ်ခုကို ရေရွှတ်ခဲ့ချင်ပေမယ့် ဘယ်လိုလုပ်မလဲ…တစ်ချို့သောစကားလုံးတွေက နှုတ်ကဖွင့်ဟပြောစရာမလိုအောင် ပေါ်လွင်ပြီးသားပဲလေ။
    ****

    ဒါလေးက မမွန်ပြောသလိုပါပဲ ညီမအတွက်တော့ ၂နှစ်ကြိမ်လောက်ဖတ်ရမယ့် စာအုပ်လေးပါ..တစ်ကယ်သဘောကျတယ်၊ ပုံပေမြို့ရဲ့အကြောင်းတွေမီးတောင်ပေါက်ကွဲမှုတွေက လုံး၀မြင်ယောင်မိတယ်.. ငိုတော့ငိုရတာပေါ့လေ။

    စကားလုံးတူပေမယ့် အဓိပ္ပာယ်ကွဲမယ်ထင်တယ်၊ ဒါမှမဟုတ်…..

    #ရေးလို့သာရေးလိုက်တာမို့အမှားပါရင်နားလည်ပေးပါလို့
    #စကားလုံးထက်အပြုမှုကိုသဘောကျတယ်
    #ထာ၀ရပုံပေ
    #အကြင်နာမွန်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

အကြင်နာမွန် စာအုပ်များ