ကိုယ်နှုတ်အမူအရာများက စကားပြောသော လူတို့ရဲ့အတွင်းမနော
2500 (ကျပ်)
▪️ အပြောကျယ်တဲ့ လောကအတွင်းမှာ လူသားအချင်းချင်းဆက်သွယ်ကြရာမှာ လမ်းကြောင်းတွေဖွံ့ဖြိုးတိုးတက်လာတာ အားလုံးအသိပါ။ အဲဒီနည်းလမ်းအသွယ်သွယ်ထဲမှာ နှုတ်ထွက်စကားလုံးနဲ့ ပြောကြဆိုကြတာဟာ အတွင်ကျယ်ဆုံးလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အတွင်းမနောကို တိတိကျကျ သိနိုင်ဖို့အတွက် သူ့နှုတ်ကထွက်ပေါ်လာတဲ့ စကားလုံးများကို နားထောင်ရုံနဲ့ မလုံလောက်သေးပါဘူး။ အပြောကို ကိုယ်ခန္ဓာအမူအရာနဲ့ ပေါင်းစပ်ပြီး အဖြေထုတ်ရာမှာ မှန်ကန်မှ သူ့ရဲ့ စိတ်ရင်းစေတနာကို ပကတိအတိုင်း သိမြင်နိုင်ပါလိမ့်မယ်။
▪️ ဒီလိုပေါင်းစပ်အဖြေရှာရာမှာ လွယ်ကူသွားအောင် မူရင်းစာရေးဆရာ (ဘရန်ဒန်ကူးပါး)က နည်းပေးလမ်းပြ လုပ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ အာဘော်တွေကို လေ့လာဖတ်ရှုပြီးသွားတဲ့အခါ စာဖတ်သူမိတ်ဆွေများအနေနဲ့ လူကဲခတ်ရာမှာ အရင်ကထက် ပိုပြီး ကျွမ်းကျင်လာမှာ အသေအချာပါပဲ။
▪️ ဒါ့အပြင် စာရေးဆရာက Body Language ခေါ် လူသားများရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများက ဖွင့်ဟလာတဲ့ အတွင်းမနောကိုလည်း ကိုယ်နေဟန်၊ မျက်စိနှစ်လုံး၊ ခြေထောက်နဲ့ ခြေဖဝါး၊ လက်မောင်း၊ လက်ဖဝါးနဲ့လက်ချောင်းများ စသည်ဖြင့် ခွဲခြားကာဖော်ပြထားပုံတွေကလည်း အသေးစိတ်ကျတယ်လို့ ဆိုရပါမယ်။ အချုပ်ကတော့ တစ်ဖက်သားရဲ့ ဟန်အမူအရာကိုကြည့်ပြီး သူ့ရဲ့အတွင်းမနောမှာ ဘယ်လိုခံစားနေရတယ်ဆိုတာ အကဲခတ်နိုင်အောင် လမ်းညွှန်လိုက်တယ်ဆိုပါတော့…
စာမျက်နှာ | 112 |
---|---|
စာအုပ်အရွယ်အစား | 5.7 x 0.4 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်း၊ ၂၀၂၀ ဇွန်လ၊ (ပ-ကြိမ်) |
Out of stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ