ဟိုမိုဒူးရပ်စ်

( 0 မှတ်ချက်)

20000 (ကျပ်)

ဟိုမိုဆေပီယန်စ် ဆိုတဲ့ လူသားတွေဟာ အမှန်စစ်စစ် ဘယ်သူတွေဆိုတာရယ်၊ ကမ္ဘာလောကရဲ့ ဘာသာတရားတွေကို လူသားဝါဒက ဘယ်လိုလွှမ်းမိုးသွားခဲ့လဲ့ ဆိုတာရယ်၊ လူသားဝါဒရဲ့ အိပ်မက်စိတ်ကူးတွေကို ဖြည့်ဆည်းဖို့ အားထုတ်မှုဟာ ဘာဖြစ်လို့ အစိတ်စိတ်အမြွှာမြွှာ ပြိုလဲသွားနိုင်တယ်ဆိုတာတွေကို လေ့လာဆန်းစစ်ဖို့ လိုပါတယ်။ ဒါသည်ပင်လျှင် အခုစာအုပ်ရဲ့ အရင်းခံအစီအစဉ်ပါပဲ။

ဒီစာအုပ်ရဲ့ပထမပိုင်းမှာ ဟိုမိုဆေပီယန်စ် လူသားတွေနဲ့ သတ္တဝါကြား ဆက်ဆံရေးအကြောင်းကို ရှင်းလင်းထားပြီး ကျွန်တော်တို့ လူသားမျိုးစိတ်ဟာ ဘာလို့များ အခြားသတ္တဝါမျိုးစိတ်တွေထက် ပိုထူးခြားနေရတယ်ဆိုတာကို ရေးသားထားပါတယ်။

ပထမပိုင်းကောက်နှုတ်ချက်တွေကို အခြေပြုပြီး လွန်ခဲ့တဲ့ထောင်စုနှစ်အတွင်း ဟိုမိုဆေပီယန်စ် လူသားတွေကြောင့် ကမ္ဘာလောကဟာ ဘယ်လိုထူးခြားဆန်းကြယ်သွားခဲ့လဲ ဆိုတာရယ်၊ လက်ရှိအချိုးအကွေ့ အပြောင်းအလဲတွေဆီ ဘယ်လို ဆောင်ကြဉ်းပေးခဲ့လဲဆိုတာတွေရယ်ကို ဒုတိယပိုင်းမှာ ရေးသားဖော်ပြထားပါတယ်။

တတိယပိုင်းနဲ့ နောက်ဆုံးပိုင်းတွေမှာတော့ 21ရာစုအကြောင်းကို ပြန်လည်ဦးတည်ရေးသားထားပါတယ်။ လူသားတွေအကြောင်းနဲ့ လူသားဝါဒ ကိုးကွယ်ယုံကြည်မှုအကြောင်းကို အတွင်းကျကျ နားလည်သဘောပေါက်ထားမှုအပေါ် အခြေခံပြီး ကျွန်တော်တို့ရဲ့ လက်ရှိအကြပ်အတည်းပြဿနာတွေနဲ့ အနာဂတ်ဖြစ်နိုင်ခြေတွေကို ရှင်းလင်းထားပါတယ်။

စာမျက်နှာ

748

စာအုပ်အရွယ်အစား

5.6 × 1.2 × 8.1 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ ၊ 2023 ဇူလိုင်လ

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဟိုမိုဒူးရပ်စ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ညီနောင်(Humber) စာအုပ်များ