နှောင်းတမြေ့မြေ့

( 0 မှတ်ချက်)

5000 (ကျပ်)

၁၉၇၀ခုနှစ် တွင် စာပေဗိမာန်ဝတ္ထုရှည်ပထမဆုရရှိထားပြီး နှစ်-၁၀၀ အတွင်း အကောင်းဆုံးမြန်မာ ဝတ္ထု-၁၀၀ စာရင်းဝင် စာအုပ်လည်းဖြစ်သည်။  အချစ်ရေးနှင့်စစ်ရေးတို့တွင် သတ္တိရှိရမည်ဟူသော သင်ခန်းစာပြဝတ္ထုဖြစ်သည်။

လူသတ်ရဲတိုင်း၊ အသေခံရဲတိုင်း သတ္တိဟုမခေါ်နိုင်သကဲ့သို့ မိမိစွဲလမ်းတပ်မက်သောသူတစ်ဦး၏ အချသ်ကို အနိုင့်အထက် လုယက်တိုက်ခိုက်ရယူခြင်းကိုလည်း သတ္တိဟု မခေါ်ထိုက်ကြောင်း၊ သတ္တိဟူသည်မှာ မွန်မြတ်သော၊ ကိုယ်ကျိုးမငဲ့သော၊ စစ်မှန်သော၊ သန့်စင်သော အကျင့်အကြံသာလျှင်ဖြစ်ထိုက်ကြောင်းဖြင့် ဇာတ်လမ်းဆင်ထားသည်။ မည်သို့ စစ်မှန်ရမည်၊ မည်သို့ သန့်စင်ရမည်တို့ကို ဆေးတပ်မှ ဆရာဝန် ဗိုလ်ကြီးသက်မွန်နှင့် ခင်ခင်လေးတို့အား မဏ္ဍိုင်ပြု၍ ဇာတ်လမ်းဖွဲ့ကာ တင်ပြထားသည်။

သားသမီးကောင်း၊ ယောကျ်ားကောင်း၊ စစ်မှုထမ်းကောင်း၊ ဆေးဝန်ထမ်းကောင်း ပီသသော အမျိုးသားနှင့် လိမ္မာရေးခြားရှိ၍ သစ္စာရှိရှိ မိန်းမကောင်းပီသသော အမျိုးသမီးတို့၏ စစ်မှန်သောမေတ္တာကို ရေးဖွဲ့ထားသည်။

စာမျက်နှာ

292

စာအုပ်အရွယ်အစား

5.3 x 0.8 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2022 ဇွန်လ

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နှောင်းတမြေ့မြေ့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

မြတ်ထန် စာအုပ်များ