နှစ်ကိုယ်တူ

( 0 မှတ်ချက်)

2500 (ကျပ်)

?၂၀၀၈ ခုနှစ် မေလ (၂) ရက်နေ့ ဆိုတာနဲ့ လူသန်းပေါင်းများစွာရဲ့ နှလုံးသားကို ထိထိခိုက်ခိုက် ခံစားရစေတဲ့၊ ပြီးတော့ လူသိန်းပေါင်းများစွာရဲ့ အသက်ဇီဝိန်ကို တိုက်ခြွေသွားတဲ့ နာဂစ်မုန်တိုင်းကြီးကို ပြေးမြင်မိကြမယ် ထင်ပါတယ်။
.
? နာဂစ်ကြောင့် ဘဝတွေ သေကြေခဲ့ကြရ။
? နာဂစ်ကြောင့် ဘဝတွေ နာခဲ့ကြရ။
?နာဂစ်ကြောင့်…..
.
?အဲဒီ နာဂစ်ကြောင့် ဘဝကြီးတစ်ခုလုံး ကမောက်ကမတွေဖြစ်ခဲ့ရတဲ့ မျက်ခြယ်။
=နာဂစ်အပြင် လူမှုရေးမုန်တိုင်းရဲ့ တိုက်ခတ်မှုကို မရှုမလှခံခဲ့ရတဲ့ မျက်ခြယ်။
=စစ်မှန်သော ချစ်ခြင်းတရားတို့ ကင်းပခဲ့ရတဲ့ မျက်ခြယ်။
=” နင်သတ်လို့ မသေခဲ့တဲ့ ‘မသေကြီးမလေး’ ဟာ သူ့သားလေးနဲ့အတူ နင့်ဆီပြန်လာပြီး ကျေကျေနပ်နပ် အသေခံတော့မှာ နင်… ဝမ်းသာနေသလား ရွေး။ ” … တဲ့။
ရွေးမြစ်ကြီးကို တိုင်တည်လို့ ဘဝကို လက်မြှောက်အရှုံးပေးတော့မယ့် မျက်ခြယ်။

=” တိုင်းပြည်သစ် တည်ချိန်နဲ့ တိုင်းပြည်ပျက်စီးချိန်ဟာ စီးပွားရှာလို့ အကောင်းဆုံးသော အချိန်တွေပဲ ” လို့ ရက်ဘတ်တလာ ပြောခဲ့သလိုမျိုး နာဂစ်ကြောင့် ပျက်စီးနေတဲ့ ဒေသမှာ အဖွဲ့အစည်းတချို့ရဲ့ မတော်လောဘ စီးပွားရှာဖွေမှုတွေကြောင့် နစ်မွန်းခဲ့ရတဲ့ ဘဝတွေ……
စတဲ့ စတဲ့ အကြောင်းခြင်းရာတွေနဲ့ နာဂစ်အခြေပြု ဝတ္ထုတစ်ပုဒ်ကို ရေးဟန်ခပ်ဆန်းဆန်း ရေးသားလို့ထားတဲ့ စာအုပ်ကောင်းလေးဖြစ်တာကြောင့် အမှာဦးဖတ်ရှုသင့်ကြောင်း လက်တို့ညွှန်းဆိုလိုက်ပါရစေ….။

စာမျက်နှာ

139

စာအုပ်အရွယ်အစား

5.5 x 1 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊2019 နိုဝင်ဘာလ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နှစ်ကိုယ်တူ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သတိုး စာအုပ်များ