ဟယ်လင်ကယ်လာ

( 0 မှတ်ချက်)

2500 (ကျပ်)

ဟယ်လင်ကယ်လာ (၁၈၈၈၊ ဇွန် ၂၇ – ၁၉၆၈ ဇွန် ၁) သည် အမေရိကန်စာရေးဆရာ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် ကထိကဖြစ်သည်။ ငယ်စဉ်ကလေးဘ၀က ဦးနှောက်အမှေးရောင်ရောဂါကြောင့် ဆွံ့အ၊ နားမကြား၊ မျက်မမြင်ဒုက္ခိတဘ၀သို့ ရောက်ခဲ့ရသည်။ သို့သော် နားမကြား၊ မျက်မမြင်သူအဖြစ်နှင့်ပင် ဝိဇ္ဇာဘွဲ့ရရှိသည်အထိ ဘ၀အမှောင် အခက်အခဲမျိုးစုံကို (ဆရာမဖြစ်သူ အန်းဆူလေဗန်နဲ့အတူ) ဖြတ်ကျော်အောင်မြင်ခဲ့သည်။ စာရေးဆရာမတစ်ဦးအဖြစ် ထင်ရှားလာခဲ့သလို သူမ၏ အတွေ့အကြုံများကို ကမ္ဘာတစ်ဝှမ်းဟောပြောပို့ချခဲ့ရာ ၂၀ ရာစု၏ အထူးခြား၊ အကျော်ကြားဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။ ဟယ်လင်နှင့် သူမ၏ဆရာမ အန်းဆူလေဗန်တို့၏ အဖြစ်အပျက်ကို အတ္ထုပ္ပတ္တိစာအုပ်များ၊ ဇာတ်ညွှန်းရုပ်ရှင်များ ကမ္ဘာတစ်ဝှမ်းတွင် ထုတ်ဝေပြသခဲ့ကြသည်။

Alabama, Tuscumbia ရှိ သူမ၏မွေးရပ်အိမ်ကို ဟယ်လင်ကယ်လာပြတိုက်အဖြစ် ဖွင့်လစ်ပြသထားသည်။ သူမ၏ ဇွန်လ ၂၇ ရက် မွေးနေ့ကို “ဟယ်လင်ကယ်လာနေ့” အဖြစ် သူမမွေးဖွားသည့် နှစ်တစ်ရာပြည့်နှစ်တွင် အမေရိကန်သမ္မတ ဂျင်မီကာတာ၏ ကြေညာချက်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

စာမျက်နှာ

112 (မြန်မာ-အင်္ဂလိပ် နှစ်ဘာသာတွဲ)

စာအုပ်အရွယ်အစား

5.5 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ စက်တင်ဘာလ (ပ-ကြိမ်)

11 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဟယ်လင်ကယ်လာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ပန်းဆက်လမ်းအယ်ဒီတာအဖွဲ့ စာအုပ်များ