နှလုံးသားတံခါးတွေကို ဖွင့်ထားကြ
3500 (ကျပ်)
ယခုစာအုပ်သည် အောက်စဖို့ဒ်ဆရာတော်၏ တရားတော်များကို ပြန်လည်ရေးသားပူဇော်ထားသည့် စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ငယ်လေးမှာ အကောင်းမြင်ဝါဒကို ဘယ်လိုထားရှိရမယ်၊ ပီတိဖြစ်အောင် ဘယ်လိုတွေးရမယ်၊ ဘယ်လိုသည်းခံရမယ်..စတဲ့အကြောင်းအရာများကို အောက်စဖို့ဒ်ဆရာတော်၏ ဟောပြောသွန်သင်မှုများအား အခြေခံပြီး ရေးသားဖော်ပြပေးထားပါတယ်။ နေ့စဉ်ဘဝမှာ ကြုံဆုံရတဲ့ လူမှုဆက်ဆံရေးအခက်အခဲတွေ၊ ဖိအားတွေ၊ စိတ်သောကတွေ လျော့ကျနိုင်စေမှာဖြစ်ပါတယ်။
ဘဝကို ငြိမ်သက်အေးချမ်းစွာ ဖြတ်သန်းဖို့အတွက် ရည်ရွယ်တည်ဆောက်ရာမှာ မမျှော်လင့်ဘဲကြုံတွေ့ရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ ဒုက္ခတွေကြောင့် တည်ငြိမ်လိုတဲ့ စိတ်ကလေးဟာ ဆောက်တည်ရာမဲ့ လွန့်လူးရင်းက ပူလောင်မှုတွေ၊ သောကတွေ၊ မငြိမ်းချမ်းမှုတွေနဲ့ ကြုံဆုံရတတ်ပါတယ်။ အဲဒီလို ခက်ခဲတဲ့အခြေအနေတွေကို ကိုင်တွယ်တတ်ဖို့နဲ့ အဆိုးလောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် လိုက်နာလေ့ကျင့်ရမယ့် ဘဝနေနည်းအချို့ကို ဒီစာအုပ်ထဲတွင် ရှာဖွေတွေ့ရှိနိင်ပါတယ်။
စာမျက်နှာ | 173 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.3 x 7.4 inches |
ပုံနှိပ်မှတ်တမ်း | စာပေလောက(၆)၊ 2022 ဇန်နဝါရီလ (ပ-ကြိမ်) |
1 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ