နှလုံးသားအေအိုင်နှင့် အခြားဝတ္ထုတိုများ

( 1 မှတ်ချက်)

5500 (ကျပ်)

” ကျွန်တော် သူ့ဆန္ဒကို လိုက်လျောဖြည့်ဆည်းသလောက် ကျွန်တော့်ဆန္ဒကိုကျတော့ တစ်ကြိမ်တစ်ခါလိုက်လျောဖို့အရေး မနည်းတောင်းတောင်းပန်ပန်ပြောခဲ့ရတာတွေ။

ကြာလာတော့လည်း သိပ်ကိုတစ်ဖက်သတ်ဆန်လာသလိုခံစားလာရလို့ ကျွန်တော် သူ့ကွယ်ရာမှာ ငိုတောင်ငိုမိတယ်။ ဂျူလီဟာ ငါ့ကိုတကယ်မှချစ်ရဲ့လားလို့ အကြိမ်ကြိမ်တွေးမိတာပဲ။ ”

– ဂျူလီ – မှ
……..

” မှန်၊မမှန် မသိပေမဲ့ ကောလာဟလအနေနဲ့ ကြားဖူးတာတစ်ခုကတော့ ကျွန်တော်တို့ဆံပင်တွေလိုပဲ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေချင်းလည်း ချစ်၊ကြိုက်၊ညားကြတာမျိုး ရှိပါသတဲ့။ နှုတ်ခမ်းချင်းနမ်းကြတဲ့အခါ သူ့တံတွေး၊ကိုယ့်တံတွေးရောသွားတဲ့နည်းနဲ့ တံတွေးချင်းလည်း နမ်းကြပါသတဲ့။ ”
– သွားတော့ပီတာ နှုတ်ဆက်တယ် – မှ

မိစ္ဆာကျွန်း ဝတ္ထုနဲ့ဘာသာပြန်ဆုရရှိထားပြီး လေနံရံ ဝတ္ထုရှည်နဲ့ ပင်ကိုယ်ရေးစာအုပ်ကိုအရှိန်ပြင်းပြင်းစတင်ဝင်ရောက်လာတဲ့ဆရာဝေယံဘုန်းရဲ့ ဝတ္ထုတိုစုစည်းမှုစာအုပ်ပါ။

အတွေးအခေါ်ဆန်းတွေနဲ့ဖန်တီးရေးဖွဲထားတာမို့ စာဖတ်သူနှစ်သက်သဘောကျမယ်လို့ထင်ပါတယ်။

စာမျက်နှာ

143

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

သုတေးစစ်စာပေ၊ 2023 ၊ ဩဂုတ်လ (ပထမ-ကြိမ်)

14 in stock

နှလုံးသားအေအိုင်နှင့် အခြားဝတ္ထုတိုများ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ဒီနေ့ဖတ်ပြီးသွားတဲ့ စာအုပ်လေးကတော့ ဆရာဝေယံဘုန်းရဲ့ “နှလုံးသားအေအိုင်
    နှင့်အခြားဝတ္ထုတိုများ”ဆိုတဲ့
    စာအုပ်လေးပါ။

    ဖတ်နေကျပုံစံတွေကနေ ကွဲထွက်နေတဲ့
    အတွေးဆန်းဆန်း ဝတ္ထုတိုလေးတွေမို့
    ဖတ်ရတာ သဘောကျမိပါတယ်။

    အနုပညာဟာ လွတ်လပ်မှူရှိပြီး
    ဖန်တီးသူစိတ်နှလုံးထဲကနေ လွတ်လွတ်လပ်လပ် စီးထွက်လာတာမျိုးပဲ ဖြစ်ရမယ်လို့ ရေးထားတဲ့ အမှာစာလေးကအစ
    မိုက်နေတာရယ်။❤️

    စာအုပ်လေးထဲမှာ ဝတ္ထုတို(၈)ပုဒ် ပါဝင်ပါတယ်။

    တစ်ပုဒ်ချင်းစီရဲ့ ခံစားမှုရသဟာ
    မတူကွဲပြားနေတာမို့ စာဖတ်သူရဲ့
    အတွေးတွေကိုလည်း လွတ်လပ်စွာ
    ပုံဖော်ခွင့်ရတယ်လို့လည်း ဆိုချင်ပါတယ်။

    အခုခေတ်ကာလကို ကျော်လွန်ပြီး
    ရေးထားတဲ့ ◇နှလုံးသားအေအိုင်◇
    အပုဒ်လေးမှာဆိုရင်လည်း အရာရာဟာ
    ဆန်းကြယ်နေတာရယ်။

    ကိုယ့်မှာ ဖြစ်နိုင်တဲ့ရောဂါတွေကိုလည်း
    ကြိုတင်သိနိုင်နေပြီ၊ ဘဝလက်တွဲဖော်ရှာမယ်ဆိုရင်လည်း အရာရာ ကိုက်ညီမှု
    ရှိ၊ မရှိ ကြိုပြီး တွက်ချက်လို့ရနေတာမျိုးပေါ့။

    ဒါပေမဲ့ ဘယ်လိုပဲ ရာစုနှစ်သက္ကရာဇ်တွေ ပြောင်းလဲ တိုးတက်လာပါစေ၊
    နှလုံးသားရဲ့အလိုဆန္နကိုတော့ဖြင့်
    တားဆီးလို့ မရနိုင်ကြောင်းကို
    တွေ့မြင် ခံစားရမှာဖြစ်ပါတယ်။

    ◇အဝေးမှုန်လာရင် ဘာလုပ်ကြမလဲ◇
    ကျွန်မကိုယ်တိုင်လည်း အဝေးမှုန်သမားဆိုတော့ ဖတ်ရတာ စိတ်ဝင်တစားဖြစ်ရတာပဲ။ ဖုန်းတွေ၊စာအုပ်တွေ စသဖြင့်
    အနီးအနားမှာ ရှိတာတွေကို အာရုံစိုက်တာများပြီး ဝေးဝေးကို မကြည့်ဖြစ်ကြတဲ့
    အခိုက်အတန့်တွေတဲ့…။
    တကယ်ကို ဒါလေး ဖတ်မိတော့မှပဲ ကျွန်မဖြင့် သတိကပ်မိရတယ်။

    နောက်ပြီး စာထဲက တစ်ယောက်လို
    ရှုခင်းကောင်းကောင်း တောင်တန်းကြီးတွေ၊စိမ်းစိမ်းစိုစို လွင်ပြင်ကျယ်ကြီးတွေကို ကျွန်မလည်း ငေးချင်မိတယ်။
    ကော်ဖီတစ်ခွက်ရယ် စာအုပ်လေး
    တစ်အုပ်ရယ်နဲ့ အတူပေါ့လေ။🤎

    ◇ဂျူလီ◇
    သူငယ်ချင်းကနေ ချစ်သူရည်းစားဖြစ်ပြီးမှ တစ်ခါထပ်ပြီး ဝေးသွားကြဖူးတဲ့သူတွေ အတွက်တော့ ဒီအပုဒ်လေးက ခံစားလို့ကောင်းမယ်ဆိုတာ အသေအချာပဲရယ်။ပြတ်ပြီးသား ကြိုးကလေး
    ပြန်ဆက်ဖို့မလွယ်တော့သလို အနာတရဖြစ်သွားရတဲ့ နှလုံးသားကလည်း
    အနာပြန်ကျက်ဖို့ မလွယ်ကူတော့ဘူးပေါ့။ “အချစ်လက်ကျန်တွေ အနှုတ်ပြနေခဲ့ပြီ”ဆိုတဲ့ စာသားလေးက သိပ်ကို ထိရှရပြီး နင့်နင့်နဲနဲ ခံစားရပါတယ်။💔

    ◇သွားပြီ ပီတာ….နှုတ်ဆက်တယ်◇
    ဒီအပုဒ်လေးကတော့ ချစ်စရာကောင်းပြီး
    ဖတ်ရတာ အဆန်းဆုံး ဖြစ်နေတာပဲ။
    မသိရင် ကာတွန်းကြည့်နေရသလိုပဲ
    ဖတ်ရင်း မြင်ယောင်နေမိတယ်။😁

    ဆံပင်လေးတစ်ပင်ရဲ့ ခံစားချက်၊
    အတွေးတွေကိုလည်း ခံစားရပါလိမ့်မယ်။သူလည်း လူတွေလိုပဲ ဆံပင်မလေးနဲ့ချစ်ကြိုက်ချင်တယ်၊ နှစ်ကိုယ်တူ ဘဝတည်ထောင်ချင်ပါသတဲ့လေ…။

    ◇အချိန်ခရီးသွားဖို့ အိပ်ချ်၊ ဂျီ၊ ဝဲလ်ရဲ့
    ဝတ္ထုထဲက စက်မလိုပါ◇

    ဒါလေးကိုတော့ဖြင့် အကြိုက်ဆုံးလို့
    ပြောရမယ်။ အဖြူရောင် သံယောဇဥ်တွေနဲ့ အနီးဆုံးရှိနေခဲ့တဲ့ နှစ်ယောက်၊
    သူတို့နှစ်ယောက်ကြားမှာ သူတို့ကိုယ်တိုင် သတိမထားမိလိုက်ဘဲ
    ရစ်ပတ်မိတဲ့ ကြိုးလေးတစ်ချောင်း
    ရှိနေမယ်ဆိုတာ အသေအချာ…။
    တကယ် ဖတ်ရတာ လွမ်းစရာလေးပဲ။🤎

    ဒါကတော့ ဖတ်ရင်းနဲ့ သဘောကျမိတဲ့
    အပုဒ်လေးတွေကို ခံစားမိသမျှလေးတွေပါ။စာအုပ်တစ်အုပ်လုံးက အတွေးဆန်းဆန်းနဲ့ ဖတ်ရတာ မိုက်ပါတယ်လို့ပဲ
    ပြောချင်ပါတယ်။

    စာအုပ်လက်ဆောင်လေးအတွက် မမ Thu Tayy Sit ကို ကျေးဇူးအများကြီး
    တင်ပါတယ်။😘

    မဖတ်ရသေးရင်လည်း ဖတ်ကြည့်ကြပါအုံးနော်။🥰❤️

    #နှလုံးသားအေအိုင်နှင့်အခြားဝတ္ထုတိုများ
    #ဝေယံဘုန်း
    #သုတေးစစ်စာပေ
    #reviewby하은
    #Aug19

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဝေယံဘုန်း စာအုပ်များ