Healthy Relationship (ပန်းခြံနှင့်ဥယျာဉ်မှူး)

( 1 မှတ်ချက်)

7000 (ကျပ်)

သုတစာစုလေးတွေပေါင်းစည်းထားတဲ့ သုတစာအုပ်လေးဖြစ်ပါတယ် ။

ဘဝမှာ အချစ်ဆိုတာ အရေးမပါဘူးလို့ ဘယ်သူတွေကပြောကြလဲမသိပေမဲ့ အချစ်ကသိပ်အရေးပါပါတယ်။
၅၂၈ မေတ္တာကော ၁၅၀၀ ချစ်ခြင်းကောက ကျွန်တော်တို့ဘဝအတွက် သိပ်ကိုအရေးပါပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝ အဓိပ္ပါယ်ရှိဖို့၊ရုန်းကန်လှုပ်ရှားဖို့ ရှင်သန်နေထိုင်ဖို့ ဘဝတစ်ခုလုံးကိုcolourfulဖြစ်အောင် အချစ်ကပဲ ဖန်ဆင်းပေးနိုင်သလို dark and whiteပဲ ဖြစ်နေအောင်လည်း အချစ်ကပဲလုပ်နိုင်တာပါ ။

ဒီစာအုပ်ထဲမှာတော့ healthy ဖြစ်တဲ့ relationship တွေကို ဘယ်လိုရှာဖွေကြမလဲဆိုတာထက် ကိုယ်တိုင်ကကော healthy relationshipကို တည်ဆောက်ဖို့ ဘာတွေပြင်ဆင်ရမလဲဆိုတာကို ရေးပြထားတာပါ။

ဒီစာအုပ်က ချစ်သူရည်းစားဆက်ဆံရေးအတွက်တင်မဟုတ်ဘဲ မိဘ၊ မိတ်ဆွေသူငယ်ချင်း ၊ မိသားစု စတဲ့ ဆက်ဆံရေး အားလုံးအတွက်ပါ ။

စာမျက်နှာ

190

စာအုပ်အရွယ်အစား

5.3 x 0.3 x 8 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2024 ဇန်နဝါရီလ ပထမအကြိမ်

9 in stock

Healthy Relationship (ပန်းခြံနှင့်ဥယျာဉ်မှူး) အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar (verified owner)

    🏡 ဆရာမနေဗလ်ရဲ့ “Healthy Relationship (ပန်းခြံနှင့် ဥယျာဉ်မှူး)” ဆိုတဲ့ စာအုပ်လေးက Relationship နဲ့ ပတ်သက်ပြီး အကြောင်းအရာအမျိုးမျိုး၊ လူတွေရဲ့ Relationship အပေါ် ထားတတ်တဲ့ သဘောထားတွေ၊ ခံယူချက်တွေ၊ ဘယ်လိုခံယူချက်တွေကတော့ ကိုယ်တိုင်က စပြီး ပြုပြင်ပြောင်းလဲသင့်တာ၊ ဘယ်လို relationship မျိုးကိုတော့ ဖမ်းဆုပ်ထားသင့်တာ၊ ဘယ်လို relationship မျိုးကိုတော့ လွှတ်ချလိုက်သင့်တာ စသဖြင့် ပြောပြထားတဲ့ စာအုပ်လေးပါ။

    💐 ဒီစာအုပ်ထဲမှာ အတူရှိနေတဲ့ ကာလလေးတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ရိုးသားဖို့၊ စစ်မှန်ပေးဖို့နဲ့ တန်ဖိုးရှိတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ဖို့ကသာ အရေးကြီးတယ်ဆိုတာ သိရှိနားလည်အောင်၊ အတူတူရှိနေချိန် အပြန်အလှန် တာဝန်ကျေကြဖို့၊ ရိုးသားဖြူစင်ဖို့နဲ့ လမ်းခွဲကြတဲ့အခါ လူသားဆန်စွာ လမ်းခွဲဖို့၊ မကောင်းမွန်တဲ့ ဆက်ဆံရေးဆိုရင် အချိန်မီ ရပ်တန့်ပစ်ဖို့တွေကို နားလည်သဘောပေါက်အောင် ရေးသားထားပါတယ်။
    __________________________

    ❝အမှာစာ❞

    🏡 ဒီစာအုပ်လေးကို ကျွန်တော် Healthy Relationship (ပန်းခြံနှင့် ဥယျာဉ်မှူး) လို့ နာမည်ပေးဖြစ်ပါတယ်။ English လိုနဲ့ မြန်မာလို နာမည်က ဘာမှမဆိုင်တဲ့ အဓိပ္ပာယ်နှစ်ခုပါ။ ဒါပေမဲ့ ဒီလိုလေး ပေးချင်လို့ကို ပေးလိုက်တာပါ။

    💐 ဒီစာအုပ်လေးအကြောင်းကို ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဘဝမှာ Healthy Relationship တွေ တည်ဆောက်နိုင်အောင် ကျွန်တော့်အနေနဲ့ ဉာဏ်စွမ်းရှိသလောက်၊ ကြုံတွေ့ခဲ့ဖူးသလောက် အတွေ့အကြုံ ဝေမျှခြင်း၊ အကြံပြုခြင်းပါပဲ။

    🏡 ဥယျာဉ်မှူးကို ရှာဖွေခြင်းဆိုတာကတော့ ဒီစာအုပ်ထဲမှာ ပါဝင်မယ့် ခေါင်းစဉ်လေးတစ်ခုပါပဲ။ အဲဒီခေါင်းစဉ်လေးကို ဖတ်ပြီးတဲ့အခါ ကျွန်တော်ဘာကို ဆိုလိုချင်သလဲဆိုတာကို စာဖတ်သူများ နားလည် သိရှိသွားကြမှာပါ။

    💐 ဒီနေရာမှာ ကျွန်တော်အဓိကပြောလိုတာက ကျွန်တော်တို့ဆီမှာ ဥယျာဉ်မှူးကို ရှာဖွေချင်တဲ့ စိတ်ပဲ ရှိရမှာ မဟုတ်ဘဲ ဥယျာဉ်မှူးတစ်ယောက် ဖြစ်လာချင်တဲ့ စိတ်ပါ ရှိနေမှ Healthy Relationship တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်ဘဝအတွက် ပန်းခြံတစ်ခုဖြစ်ပြီး တစ်ပါးသူဘဝအတွက် ဥယျာဉ်မှူးတစ်ယောက်ဖြစ်မှ Relationship အတွက် တာဝန်ကျေမှာပါ။

    🏡 အချစ်ဆိုတာ အပြန်အလှန် ရေလောင်း ပေါင်းသင်နေရခြင်းပဲလေ။
    __________________________

    💐 မှီခိုလိုစိတ်နဲ့ ချစ်ခြင်း 🏡
    ကျွန်တော်တို့ ကိုယ်တိုင်လည်း အသက်ရမှ ပြန်သုံးသပ်မိတာ ဆယ်ကျော်သက် အရွယ်လောက်က ချစ်တယ်ဆိုတာက မှီခိုလိုစိတ်တွေ အများကြီးနဲ့ ချစ်နေကြတာပါ။ စိတ်ပိုင်းဆိုင်ရာအရ မှီခိုရင် မှီခိုမယ်၊ ငွေကြေးပိုင်းဆိုင်ရာအရ မှီခိုမယ်၊ တခြားတစ်နည်းနည်းနဲ့ မှီခိုမယ် စသဖြင့် အများကြီးပါပဲ။

    ဘယ်လိုနည်းနဲ့ပဲ မှီခိုပါစေ၊ မှီခိုလိုစိတ်နဲ့ ချစ်တာနဲ့ကို မခွဲခြားနိုင်တာကတော့ မကောင်းပါဘူး။ စိတ်ပိုင်းဆိုင်ရာ မှီခိုတယ်ဆိုတာ တစ်ဖက်လူရဲ့ ဂရုစိုက်မှု၊ ကြင်နာမှု၊ ယုယမှုကို လွန်လွန်ကဲကဲ လိုချင်တာ ချစ်သူတိုင်းကတော့ ဒီလိုရှိကြတာပဲ။ ဒါပေမဲ့ လွန်လွန်ကဲကဲ ဖြစ်လာရင်တော့ ကိုယ့်အတွက်ရော သူ့အတွက်ပါ မကောင်းနိုင် ဘူး။ ဒီလူဆီက အချိန်ပြည့် ဂရုစိုက်ခံချင်နေတယ်၊ အမြဲအာရုံစိုက် ခံချင်နေတယ်၊ စိတ်ပိုင်းဆိုင်ရာ မိမိဘာသာ မရပ်တည်နိုင်တော့ဘူး၊ တစ်ခုခုဆို စိတ်ဆိုးမယ်၊ ပြဿနာရှာမယ်၊ တစ်ဖက်က အခြေအနေကို နားမလည်ပေးတော့ဘူး၊ ဒီလူ မရှိရင် ဖြစ်ပါ့မလားဆိုတာတွေအထိ ဖြစ်လာမယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ မှီခိုတာ။ ငွေကြေးပိုင်းဆိုင်ရာနဲ့ တခြားမှီခိုတာတွေ ရှိသေးတယ်။

    မိမိရဲ့ တစ်ကိုယ်ရေ အသုံးစရိတ် စားသောက်စရိတ်ကအစ တစ်ဖက်လူကိုပဲ မှီခိုနေတာ၊ ဘာဆုံးဖြတ်ချက်မှ ကိုယ်က မချနိုင်၊ အလုပ်လည်း ကိုယ့်ဘာသာ မလုပ်နိုင်၊ တစ်ခုခု လိုချင်တာ စားချင် တာကအစ ကိုယ့်မိဘလိုမျိုး တစ်ဖက်ကိုပဲ မှီခိုနေတာမျိုးတွေက ကလေးဆန်တဲ့ အချစ်အမည်ခံ အတ္တတွေပါ။ ဒါတွေဟာ ကြာလာရင် ကျွန်တော်တို့ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ၊ အားကိုးနိုင်စွမ်း တွေကိုပါ ကျဆင်းလာနိုင်ပါတယ်။

    🏡 ကိုယ့်ကို လုံခြုံတိုးတက်စေတဲ့ လူကိုပဲ ရွေးပါ။ 💐

    ကျွန်တော်တို့ ဘဝထဲမှာ ရှိနေတဲ့ လူတွေရဲ့ ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်မှုက သိပ်အရေးကြီးပါတယ်။ အကောင်းမြင်တဲ့ လူ၊ နွေးထွေးတဲ့ လူတွေ ကြားမှာ နေရရင် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်ချက်ရှိလာ၊ နွေးထွေးလာသလိုပါပဲ။

    တစ်စုံတစ်ယောက်ကို ကျွန်တော်တို့က လက်တွဲဖော်အနေနဲ့ ရွေးမယ်ဆိုရင်လည်း အဲဒီလူက ကျွန်တော်တို့ကို စိတ်လုံခြုံမှုပေးတဲ့လူ၊ သူ့အနားမှာ နေရလို့ ငါတိုးတက်နေတယ်၊ သူက ငါ့ကို ယုံကြည်နေ တယ်၊ ငါ့မှာ သူရှိနေတယ်ဆိုတဲ့ စိတ်ယုံကြည်မှုရဖို့ အရေးကြီးပါတယ်။

    ကိုယ့်ကို တကယ်ချစ်တဲ့ လူကလည်း ကိုယ့်ဘဝတိုးတက်ပြောင်းလဲမှုကို လိုလားတဲ့အတွက် သင့်ကို တိုးတက်ပြောင်းလဲစေမှာပါ။ လုံခြုံစေမှာပါ။ တကယ်လို့ သင်က စိတ်မလုံခြုံမှုကို ခံစားနေရပြီ၊ အနားက လူကြောင့် သက်သောင့်သက်သာရှိမနေဘူးဆိုရင် သေချာပါတယ်။ ဒီလူဟာ သင့်အတွက် မဟုတ်လို့ပါပဲ။

    If people really love you, they will show it and you can feel it.

    အချစ်ရဲ့ သဘောထားက ရိုးရှင်းပါတယ်။ တစ်စုံတစ်ယောက်ကို ချစ်မိတဲ့ စိတ်ဟာလည်း ထိန်းချုပ်ထားလို့ မရသလို သင့်ကို တစ်စုံတစ်ယောက်က အမှန်တကယ် ချစ်မြတ်နိုးရင်လည်း သင်က သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ခံစားမိမှာပါ။

    💐 ကိုယ့်ကို မရွေးတဲ့လူကို ကိုယ်ကလည်း ရွေးစရာ မလိုပါဘူး။ 🏡

    အချစ်ရေးမှာ ကျွန်တော်ချမှတ်ထားတဲ့ စည်းမျဉ်းက ရှင်းပါတယ်။ ငါ့ကို သူက မရွေးဘူးဆိုရင် ငါလည်း သူ့ကို မရွေးပါဘူးဆိုတာပါပဲ။ သူက ဟင့်အင်းဆိုရင် ကိုယ်ကလည်း တာ့တာပြန်ပြခဲ့ရုံပဲ။

    ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ တစ်ဘဝလုံးစာအတွက် ဖြစ်လာပြီ၊ ငါတို့တွေ အတူတူဘဝခရီးကို လျှောက်ကြမှာလား၊ နင်က ငါ့အတွက် အားအင်တွေ ဖြစ်နေမှာလား၊ ဘယ်လို အခက်အခဲတွေ ရှိရှိ ငါ့လက်ကို ဆုပ်ကိုင်ထားမှာလားဆိုတဲ့ အရာတွေက ပိုအရေးကြီးတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ပြောဖူးတယ်။ ဘဝရဲ့ ပြဿနာကို အတူတူဖြေရှင်းဖို့ လက်တွဲဖော်ရှာပါတယ်ဆို နှစ်ယောက်ကြားက ပြဿနာက ဘဝမှာ အများဆုံးဖြစ်နေရင် မဟုတ်သေးဘူးလေတဲ့။

    ဒီလိုပါပဲ။ ဘဝမှာ ကိုယ့်ကို တစ်ဘဝလုံးစာ ခေါ်သွားချင်တဲ့သူလည်း ရှိတယ်။ မခေါ်သွားချင်တဲ့သူလည်း ရှိတယ်။ ဒါဟာ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ လူတိုင်းဟာ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ ဒါပေမဲ့ သင့်ကို မရွေးချယ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့သူဆိုရင် သင်ကလည်း အဲဒီလူဘဝထဲက မြန်မြန်ပြန်ထွက်လာပြီး ကိုယ့်ဘဝကို Smart ကျကျ ဆက်လျှောက်ဖို့ မမေ့ပါနဲ့။ မရွေးထားတဲ့ ပစ္စည်းဟာ မရှိရမဲ့နေရာမှာ ရှိနေရင် ဘာမှ အသုံးမဝင်မှာ မဟုတ် လို့ပေါ့။

    ဘဝမှာ ရွေးချယ်စရာတွေ အများကြီး ရှိတဲ့အထဲ ဘယ်သူက ကိုယ့်ကို ရွေးချယ်မလဲဆိုတာက သိပ်အရေးပါတယ်။ ဘာလို့ ငါ့ကို မရွေးတာလဲလို့ မေးခွန်းမထုတ်ပါနဲ့။ အဲဒီမေးခွန်းက ကလေးဆန်ပါတယ်။

    🏡 Demand နှင့် Love 💐
    အခုနောက်ပိုင်း အချစ်လို့ ခေါင်းစဉ်တပ်ထားတဲ့ အမည်ခံတောင်းဆိုမှုတွေအကြောင်း ပြောပြရဦးမယ်။ ဆက်ဆံရေးတွေဟာ တောင်းဆိုမှုတွေ အရမ်းများလာသလိုပဲ။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်မေတ္တာဖြစ်ဖြစ် မိဘမေတ္တာက စပြီး ချစ်သူ၊ ရည်းစား၊ သူငယ်ချင်းတွေအထိ တောင်းဆိုယူလို့ ရတာ တစ်ခုမှ မရှိဘူး။ တစ်ဖက်က ပေးချင်တဲ့ စိတ်နဲ့ ပေးမှ ရတာမျိုး။

    ပန်းလေးတစ်ပွင့်က အစ၊ တစ်ဘဝလုံးစာအတွက် ရွေးချယ်ခြင်းတွေအဆုံး ငါတို့က ဘာမှ တောင်းဆိုလို့ မရဘူး၊ လူတွေဟာ သူ တို့ချစ်မှ၊ သူတို့ကိုယ်တိုင်ပေးချင်မှ ရနိုင်မှာပါ။

    အချစ်က Demand များလာတော့ လူတွေဟာ ပိုပြီး ခေါင်းစားလာကြတယ်။

    ငါကတော့ အတ္တကြီးလို့ သည်းခံပေးပါတို့၊ ငါကတော့ ဒေါသကြီးတယ်၊ နင်လျှော့ရမှာတို့၊ ရည်းစားဟောင်းက ပေးတဲ့ စိတ်ဒဏ်ရာကို နင်ကုတို့၊ ငါချေနေလည်း နင်စောင့်နေရမယ်တို့ စတဲ့ Surprise Gift တွေက အစ ဘဝနဲ့ ချီတဲ့ ခံစားချက်တွေ၊ ယုံကြည်မှုတွေ အဆုံး Demand တောင်းဆိုမှုတွေ များလာတာ။

    လူတွေက လူတစ်ယောက်ကို ချစ်တယ်လို့ ခေါင်းစဉ်တပ်ပြီးတာနဲ့ တောင်းဆိုမှုတွေ အဆက်မပြတ် လုပ်တော့တာပဲ။

    ငါ့ကို အလျှော့ပေးရမယ်၊ ငါ့ကို အလိုလိုက်ရမယ်၊ ငါ့ပြောစကား နားထောင်ရမယ်၊ နင့်လစာ ငါ့ကို အကုန်ပေးရမယ် စတာတွေ အကုန်ပါပဲ။ တကယ်က မဟုတ်ဘူး။ အချစ်က အဲဒီလိုတောင်းဆိုနေလို့ မရဘူး။ အဲဒီလိုတောင်းဆိုခြင်းအားဖြင့် အတောင်းခံရတဲ့လူလည်း စိတ်ဒုက္ခရောက်သလို တောင်းဆိုနေတဲ့လူလည်း မရတဲ့အခါ ပိုစိတ်မောရတယ်။

    အချစ်ဆိုတာ သူ့ဘာသာ ပေးလာမဲ့အရာ၊ ကိုယ့်ကို ချစ်တဲ့ စိတ်နဲ့ သူ့ဘာသာ ပြုပြင်ယူလာမဲ့အရာ၊ လမ်းမှာ အလေ့ကျပေါက်တဲ့ ပန်းလေးတစ်ပွင့် လာပေးတာက အစ သူနဲ့ ကိုယ်နဲ့ ဘဝမှာ အနေနီးဖို့ သူ့ဘာသာတစ်လှမ်းချင်း လှမ်းပြီး ကြိုးစားလာမဲ့ အရာမျိုးပါ။ တောင်းဆိုမှုတွေဟာ သင့်ကိုပဲ စိတ်ပင်ပန်းစေမှာမို့လို့ပါ။ ချစ်တဲ့သူက တောင်းဆိုစရာ မလိုပါဘူး။ သူ့ဘာသာ သင့်အနားမှာ နေဖို့ရာ နည်းလမ်းရှာမှာပါ။

    💐 လက်လွှတ်ရတဲ့အခါ ကျွန်တော်တို့ လုပ်ရမှာက မေးခွန်းတွေ အများကြီး မမေးမိဖို့ပါပဲ 🏡
    ကံကြမ္မာကိုရော တစ်ဖက်လူကိုရောပေါ့။
    ဘာလို့မဖြစ်နိုင်တာလဲ၊ ဘာလို့ မချစ်ရတာလဲ၊ ဘာလို့ မဆုံစည်းနိုင်တာလဲဆိုတဲ့ မေးခွန်းတွေ ထပ်ခါတလဲလဲ မေးနေမိရင် ပိုခံစားရတဲ့ လူဟာ ကျွန်တော်တို့ပဲ ဖြစ်မှာမို့လို့ပါ။

    တကယ်က လူနှစ်ယောက် မဆုံစည်းနိုင်တာ၊ လူတစ်ယောက်က ကိုယ့်ကို မချစ်နိုင်တာဟာ အကြောင်းပြချက်တွေ မရှိပါဘူး။ ဒီအတိုင်း သူဟာ ကိုယ့်အတွက် မဟုတ်လို့ပါပဲ။

    မဆုံစည်းနိုင်တဲ့အခါ ချစ်ပေမဲ့ မဆုံစည်းနိုင်ခဲ့တဲ့ လူတစ်ယောက်အဖြစ်ပဲ အမှတ်ရနေနိုင်ဖို့က ကျွန်တော်တို့လုပ်နိုင်တဲ့ နောက်ဆုံးရွေးချယ်မှုပါပဲ။

    ဘယ်လောက်ချစ်ချစ် စွန့်လွှတ်သင့်တဲ့အခါ စွန့်လွှတ်လိုက်ရမှာပါပဲ။

    🏡 လူတွေကို ပေးနိုင်တာပဲ ပေးပါ 💐
    လူတွေ ခံစားရတာဟာ မျှော်လင့်ချက်ထားမိလို့ပါ။ ဒါပေမဲ့ မျှော်လင့်ချက်မထားမိတဲ့ လူဆိုတာ ရှိပါ့မလား။ လူတိုင်းက မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေကြတဲ့လူပဲ။ အနည်းနဲ့ အများတော့ ထားမိကြတာပါပဲ။ ဒီတော့ တတ်နိုင်သလောက် နည်းနည်းပဲ ထားကြဖို့ လိုတယ်။

    မျှော်လင့်ချက် ကြီးကြီးထားလေ ကိုယ့်ဆုံးရှုံးမှု၊ ကိုယ့်နာကျင်ရမှုက ပိုများလာလေ ဖြစ်မှာပါ။ ငါက ဒါပေးလို့ သူက ဒါ ပြန်ပေးသင့်တာပေါ့လို့ လူတွေကို ဘယ်တော့မှ တွေးလို့ မရဘူး။ ကိုယ်က ကြင်နာမှုတွေ ပေးပေမဲ့ သူက နာကျင်မှုတွေ ပြန်ပေးသွားနိုင်ပါတယ်။ ဘာလို့ဆို လူတိုင်းရဲ့ နှလုံးသားက သင့်လိုမျိုး မဟုတ်လို့လေ။

    ဒါကိုတောင် ကိုယ်က ပေးချင်သပါ့ဆိုရင် ပြန်မရလည်း ဖြစ်တယ်ဆိုတဲ့ စိတ်နဲ့သာ ပေးပါ။ ငါ့ဘက်က အများကြီးပေးရင် သူ့ဘက်က နည်းနည်းတော့ ပြန်ပေးမှာပါလို့လည်း မတွေးမိအောင် နေပါ။ ပြီးတော့ ပေးနိုင်သလောက်သာ ပေးပါ။ မပေးနိုင်တော့ဘူးဆိုရင် ရပ်တန့်လိုက်ပါ။

    ဘယ်သူ့ရဲ့ တောင်းဆိုချက်နဲ့မှ ကိုယ်ပေးနိုင်တာထက် ပိုမပေးမိပါစေနဲ့။ အဲဒီအတွက် ကိုယ်ပြန်ရမဲ့ လျော်ကြေးက ကိုယ်ထင်ထားသလို ဟုတ်မလာတာမျိုးဖြစ်ရင် သင်ပဲ နှစ်ခါ နာကျင်ရမှာ ဖြစ်လို့ပါ။
    ပေးနိုင်သလောက်ပဲ ပေးပါ။
    မပေးနိုင်တော့တဲ့အခါ ရပ်တန့်လိုက်ပါ။
    ပြန်မရယူလိုခြင်းနဲ့ ပေးပါ။

    🏡💐🏡💐🏡💐

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

Nayvel (နေဗလ်) စာအုပ်များ