မိန်းမလှအမုန်း
25000 (ကျပ်)
အရာရာပြီးပြည့်စုံသည့်ဘဝတွင် နေထိုင်ကြီးပြင်းခဲ့ရသော်လည်း အရွယ်ရောက်ချိန်မှစကာ အိပ်မက်တစ်ခုထဲကိုသာ ထပ်ကာတလဲလဲမက်သည့်အတွက် စိတ်ရှုပ်ရသူ မောင်ထွန်းနိုင်၊
သူချစ်ထက် ကိုယ်ချစ်ကိုသာ ရွေးချယ်ခဲ့သူ ဆင်တော်ထိန်း မဂိုလုလင်ရှာမာ၊
မမှီသည့် ပန်း တုံးခု လှမ်းသလို ဖြစ်မည်စိုး၍ အဝေးသို့ရှောင်ထွက်သွားသူ ပန်းသည်မလေး မညို၊
ကုဋ္ဌဒူနာသည်၏ သမီးဖြစ်သည့်အတွက် စွန့်လွှတ်ထားခဲ့ရန် ချစ်သူကို တောင်းပန်သည့် မြပန်းဖြူ၊
တ တိုင်းရ ဘဝတွင် နေထိုင်ရသူဖြစ်သော်လည်း ချစ်သူက တုန့်ပြန်လာမည့် အချစ်ကို မျှော်လင့်နေရသူ မမမေဂျာ( သို့မဟုတ်) ခင်နှင်းဆွေ၊
မိမိ၏အချစ်ကို အလွဲသုံးစားလုပ်သော ချစ်သူကို သေရွာ အထိ ဆွဲခေါ်သွားသူ စန္ဒာဒေဝီ…
စသည့် ဇာတ်ကောင်များဖြင့် ဇာတ်အိမ်ဖွဲ့ကာ ၂၀ ရာစု လူသားများအပေါ်တွင် ရိုက်ခတ်လာသော ရှေးအတိတ်ကံနှင့် ပတ်သက်၍ ဖွဲ့ဆိုထားသော စိတ်သဏ္ဌာန် အခြေပြုဖွဲ့နွဲ့ထားသော ဝတ္ထုကြီး ဖြစ်သည်။ တစ်ချိန်က နာမည်ကျော်ကြားခဲ့သော စန္ဒာမဂ္ဂဇင်းတွင် ၁၉၆၉ ခုနှစ် စက်တင်ဘာလမှ ၁၉၇၀ ဩဂုတ်လ အထိ ၁၂လ ဆက်တိုက်ဖော်ပြခဲ့သော အခန်းဆက်ဝတ္ထုရှည်ကြီးဖြစ်သည်။
| စာမျက်နှာ | 877(hard cover) |
|---|---|
| စာအုပ်အရွယ်အစား | 6 × 1.5 ×8.7 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2022 ဇွန်လ(ပဉ္စမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 17.7.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 25000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
3 in stock





Saung Tzz (verified owner) –
အရမ်းသဘောကျရတဲ့ စာအုပ်လေးမို့ pdf နဲ့ဖတ်ပြီးတာတောင် စာအုပ်လေးကို အပိုင်လိုချင်လို့ တန်ဖိုးထားသောစိတ်ဖြင့် ဝယ်ယူခဲ့ရတဲ့ စာအုပ်လေး။ စာအုပ်ထဲက ထွန်းနိုင်ကို စိတ်ကူးနဲ့ ပုံဖော်မိရင်း မြောက်ဦးကို စာဖတ်ရင်း အလည်လိုက်သွားမိတယ်…❤️
Aeri Myat –
#ဝင်းဦး #မိန်းမလှအမုန်း
အသိအစ်မတယောက်ဆီကငှားဖတ်ဖြစ်တာလေးပါ
ဖတ်နေကြစာအုပ်တွေလိုမဟုတ်ဘဲ
ပုံမှန်ထက်ထူတော့တော်တော်လေးအချိန်ပေးဖတ်လိုက်ရတဲ့ဝတ္ထုရှည်စာအုပ်တအုပ်ပါ📚
အရေးအသားမှာလည်းလိုအပ်ရင်
လိုအပ်သလိုလှလှပပဖွဲ့နွဲ့ထားတာမို့
ဖြည်းဖြည်းချင်းပုံဖော်ဖတ်ယူရပါတယ်
မြို့ဟောင်းကိုလည်း မရောက်ဖူးပေမဲ့
ရေးရေးမြင်ယောင်လာသလို
အဆွေးရသလေးခံစားရစေပါတယ်
ဒီစာအုပ်ဖတ်ရင်း ထွန်းနိုင် record သွင်းထားတဲ့
ညို့အသံ ဒီပါအေးမြ ဆိုတာကို
စိတ်နဲ့မှန်းဆကြည့်ရာကနေ(အနီးစပ်ဆုံး)
ဘယ်လိုခံစားချက်မျိုးလဲသိချင်လာတယ်
YouTubeကနေ ဒီပါအေးမြကို ရှာနားထောင်မိတဲ့အထိ ဇာတ်လမ်းက ကိုယ့်ကိုလွှမ်းမိုးသွားတယ်
ဖတ်နေရင်း အမြဲဖွင့်ထားဖြစ်ပါတယ်
ဖတ်ရတာပိုပြီးအသက်ဝင်လာသလိုခံစားရစေတယ်..
ကိုယ်ကယခုခေတ်လူငယ်မို့ အရင်ကသီချင်းဟောင်းတွေတော်ရုံနားမထောင်ဖူး(ဖြစ်)ပါဘူး
ဒါပေမဲ့ ရှေးယခင်ခေတ်ကအရာတွေကို
တန်ဖိုးထား(စိတ်ဝင်စား)တာမို့
ရှာနားထောင်ဖြစ်တာပါ✨
ထွန်းနိုင်ဖတ်ဖြစ်တဲ့
#တို့နှစ်ယောက်စာတမ်း သူဖတ်ပြီဆိုတာနဲ့
ကိုယ်က စိတ်ဝင်စားနေမိတော့တာ
ထွန်းနိုင်အပေါ် တယောက်စီမြင်ကြတဲ့အမြင် ထွန်းနိုင်ခံစားနေရတဲ့စိတ် တလှည့်စီရေးပြသွားတာတကယ်ကိုဖတ်ရတာရသမျိုးစုံပါပဲ..
ဒီစာအုပ်ကထူပေမဲ့
ပထမဆုံးစာမျက်နှာတည်းကဆက်တိုက်ဆက်ဖတ်ချင်အောင်သိချင်အောင်ဆွဲခေါ်သွားတာမျိုးပါ
ဇာတ်ကြောင်းအစအဆုံးက
နိမ့်လိုက်မြင့်လိုက်နဲ့ဒီရေအတက်အကျလိုပဲ
ရင်ထဲခံစားစေရတာမျိုးပါ
ကိုယ်ကမြန်မာစာလုံးတွေကိုစိတ်ဝင်စားသူမို့
အခုခေတ်မှာအသုံးနည်းသွားတဲ့မြင်ရခဲတဲ့အသုံးအနှုန်း(စကားလုံး)လေးတွေ
မှတ်သားခွင့်ရတာပြန်မြင်ခွင့်ရတာလည်း
ဒီစာအုပ်ကိုသဘောကျတဲ့
အချက်တချက်ထဲပါပါတယ်…❤️
ဇာတ်လမ်းပါအကြောင်းအရာကိုတော့ကိုယ့်အမြင်(review)ထဲအများကြီးထည့်မပြောထားပါဘူးကိုယ်တိုင်ဖတ်ကြည့်ရင်ဒီ(review)ထက်
ပိုသာလွန်တဲ့ရသအစုံခံစားရမှာမို့ပါ ☺️
#하은