ပျော်ရွှင်စွာ ရှင်သန်ပါ

( 0 မှတ်ချက်)

6000 (ကျပ်)

စစ်မှန်တဲ့ ပျော်ရွှင်ခြင်း ဆိုတာ ဘယ်မှာ ရှိပါသလဲ။ ပျော်ရွှင်ခြင်းဆိုတာ သူများက ဖန်တီးပေးမှ ရတတ်ပါသလား…

တစ်စုံတစ်ယောက်ရဲ့ ပြုမူပြောဆိုဆက်ဆံပုံတွေကရော ကိုယ့်ရဲ့ ပျော်ရွှင်ငြိမ်းချမ်းခြင်းအပေါ် တိုက်ရိုက်အကျိုး သက်ရောက်စေတတ်ပါသလား။ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေဟာ သူတစ်ပါးရဲ့ စိတ် ကြည်လင်ခြင်း၊ မှောင်မှိုင်းခြင်းတွေနဲ့ ပတ်သတ်နေတာလား။ ဒါဆို ကိုယ့်ရဲ့ ငြိမ်းချမ်းလွတ်လပ်မှုကို သူများကြောင့် မထိခိုက်ရလေအောင် ဘယ်လို ကာကွယ်ကြလေမလဲ….

တကယ်ဆိုရင် ကိုယ့်ရဲ့ ငြိမ်းချမ်းပျော်ရွှင်ခြင်း အစစ်အမှန်ဆိုတာ ကိုယ့်ကိုယ်တွင်းမှာသာ တည်မှီပါတယ်။ ပြင်ပကအရာတွေက အဖျားအနားလေးမျှရယ်ပါ။ သူတစ်ပါးကြောင့် ကိုယ့်စိတ်မှာ အထိအရှ မရှိအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပြီ ဆိုရင် ကိုယ်ဟာ လွတ်လပ်သူ၊ ကိုယ့်စိတ်ကို ကိုယ်တိုင် လွှမ်းမိုး ထိန်းသိမ်းနိုင်တဲ့ စိတ်ထားရင့်ကျက်သူပါပဲ။

ဒါကြောင့် ကိုယ့်စိတ်ကလေး အရောင်ဆိုးမခံရအောင် ကိုယ်တိုင် ကာကွယ်စောင့်ရှောက်တတ်ရပါတယ်။

နေ့တိုင်းမှာ ဘာကြောင့် ရှင်သန်နေရတယ်ဆိုတာမျိုး၊ ဘယ်လမ်းကို ရည်ရွယ်ပြီး အဆုံးထိ တည့်တည့်လျှောက်မယ်ဆိုတာမျိုး၊ ဘယ်လိုအရာတွေကို ရွေးလုပ်မယ်ဆိုတာမျိုး၊ အရာအားလုံးဟာ ကိုယ့်စိတ်ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်ပါတယ်။

ဒီစာအုပ်လေးထဲမှာကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားတတ်ဖို့၊ ကိုယ့်စိတ်ကို ကိုယ်တိုင် စိုးပိုင်လမ်းညွှန်တတ်ဖို့၊
ချစ်ခြင်းမေတ္တာနဲ့ သက်ဆိုင်သမျှ ရွေးချယ်မှုမှန်ကန်ဖို့ရာ တိုင်းတာ ဆုံးဖြတ်သင့်တဲ့ အချက်လေးတွေနဲ့ နေ့စဥ်နေ့တိုင်းမှာ ကျန်းမာပျော်ရွှင်အောင် ဘယ်လိုအလေ့အကျင့်တွေနဲ့ ဖြတ်သန်းသင့်တယ်ဆိုတာတွေကို မျှဝေပေးထားပါတယ်။

စာမျက်နှာ

120

စာအုပ်အရွယ်အစား

5.5 × 0.3 × 8.5 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ ၊ 2024 ဇွန်လ၊ ပထမအကြိမ်

21 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပျော်ရွှင်စွာ ရှင်သန်ပါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ယွန်း@Precious Y စာအုပ်များ