အစိမ်းရောင် မှော်ပညာရှင်

( 0 မှတ်ချက်)

9000 (ကျပ်)

လူသားတွေရဲ့ စိတ် ၊ ခန္ဓာနဲ့ဝိညာဉ်ဟာ ရွှင်လန်း တက်ကြွနိုင်စေဖို့အတွက် . . .💚

🍃စိမ်းလန်းသော လမ်းကို လျှောက်လှမ်းရာမှာ မရှိမဖြစ် လိုအပ်တဲ့ အချက်အလက်လေးတွေ
သဘာဝရဲ့ စွမ်းအင်နဲ့အတူ သင့်ရဲ့စိတ်ကို ကုစားပေးဖို့ အသုံးပြုနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပန်းမာန်သစ်ပင်တွေ၊ ကျောက်မျက်တွေနဲ့ အခြားသော အကြောင်းအရာတွေကို ရှာဖွေတွေရှိနိုင်မယ့် ပညာရပ်တစ်ခုအကြောင်း..

💚’ အစိမ်းရောင်မှော်ပညာ ဆိုတာ ကိုယ့်ရဲ့ဘဝကို ဟန်ချက်ညီအောင်နေထိုင်လိုသူတွေအတွက်ဘယ်လိုသဟဇာတဖြစ်မှုတွေကို လိုအပ်နေလဲဆိုပြီး လေ့လာကြတဲ့အခါ သဘာဝရဲ့ စွမ်းအင်တွေက သင့်ကိုယ်ပိုင် စိတ်ဖိစီးမှုကို လွတ်မြောက်နိုင်အောင် လုပ်ပေးတာကို ရှာဖွေ တွေ့ရှိကြတာကြောင့် လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း ကျင့်သုံးလာကြတဲ့ နည်းလမ်းတစ်ခုပါပဲ။

💚မိမိတို့ရဲ့ ဘဝတွေမှာ နေ့စဉ် ရုန်းကန်လှုပ်ရှားရမှုတွေကြောင့် စိတ်ဟာ ဖိစီးပင်ပန်းလာတဲ့အခါ ကြည်လင် လန်းဆန်းစေမယ့် အိုအေစစ်ကလေးကို မျှော်လင့်ကြတာပါပဲ။

💚 ‘အစိမ်းရောင် မှော်ပညာ’ ဆိုတာကလည်း မိမိတို့ နေ့တဓူဝ အလုပ်တွေကြောင့် မေ့လျော့နေခဲ့ပြီး သဘာဝက ပေါကြွယ်ဝစွာ အလကား ပေးထားတဲ့ စွမ်းအင်တွေကို ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲမှာ ဘယ်လိုပြန်လည် အသုံးချနိုင်မလဲဆိုတာကို စူးစမ်းလေ့လာနိုင်မယ့် အခွင့်အရေးတစ်ရပ်ပါပဲ။

💚ဒါ့အပြင် ချက်ပြုတ်နည်းတွေ၊ လေ့ကျင့်ခန်းတွေ၊ ရိုးရာဓလေ့ထုံးတမ်း အသုံးပြုပုံတွေ၊ ဆေးဖက်ဝင် အပင်တွေကို ဘယ်လို ရောစပ်အသုံးပြုရမယ် ဆိုတဲ့ အကြံပြုခြင်းတွေကို လောကီပညာနဲ့တကွ အစိမ်းရောင် မှော်ပညာကိုပါ အပြု သဘောဆောင်တဲ့ အလေ့အကျင့်တွေမှ တဆင့် သင်ကိုယ်တိုင် ပြုလုပ်ဖန်တီး နိုင်မယ့် လမ်းညွှန်ချက်တွေကိုလဲ သင့်အနေနဲ့ ဖတ်ရှုလေ့လာရဦးမှာပါ။ သင်ဟာ သဘာဝကို ချစ်မြတ်နိုးတဲ့သူ၊ ဆေးဖက်ဝင် အပင် တွေကို လေ့လာနေတဲ့သူ၊ လူတွေကို ကုသခြင်းစွမ်းရည်တွေ ဝေမျှလိုစိတ် အပြည့် ရှိနေသူ တစ်ယောက်ဆိုရင်တော့ ဤအစိမ်းရောင်မှော်ပညာ စာအုပ်က သင့်ရဲ့ နှလုံးသား ချက္ကရ အစိမ်းရောင်ကို ပွင့်စေပြီး ခေတ်သစ်ကမ္ဘာမှာ သဘာဝရဲ့ မှော်ပညာတွေ အသိပညာတွေနဲ့အတူ သာလွန်ကောင်းမွန်ပြီး ငြိမ်းချမ်းရာ ရပ်ဝန်း လေးတစ်ခုဆီသို့ ခေါ်ဆောင် သွားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။

စာမျက်နှာ

248

စာအုပ်အရွယ်အစား

5.5× 0.5×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024 ဧပြီလ (ပထမအကြိမ်)

23 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အစိမ်းရောင် မှော်ပညာရှင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

Aqua စာအုပ်များ