ဉာဏ်ကောင်းတဲ့နှံကောင်လေး

( 0 မှတ်ချက်)

6500 (ကျပ်)

ငယ်ငယ်တုန်းက ကြားဖူးနား၀ရှိတဲ့ ပုရွက်ဆိတ်နဲ့ နှံကောင်ဇာတ်လမ်းလေးမှာတော့ အလုပ်ကြိုးစားတဲ့ ပုရွက်ဆိတ်နဲ့ အပျင်းကြီးတဲ့နှံကောင်လေးတို့ဟာ ကြိုးစားသူနဲ့ ပျင်းရိသူကြား အကျိုးခံစားရပုံချင်း မတူညီတာကို ဖတ်ရှုခဲ့ကြရပါတယ်။

ဒီစာအုပ်ထဲမှာတော့ တိုးတတ်ဆိုတဲ့ ပုရွက်ဆိတ်လေးနဲ့ ပြုံးရွှင်ဆိုတဲ့ နှံကောင်လေးတို့ သူငယ်ချင်းနှစ်ယောက်ကြားမှာ မတူညီတဲ့ အဆုံးသတ်၊ ဖြတ်ထိုးဉာဏ်ကောင်းမွန်မှုကြောင့် လှပတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်သွားတာကို ကြည်နူးဖွယ် မြင်တွေ့ရမှာပါ။

၈လက်မပတ်လည်ဆိုဒ် ကာလာရောင်စုံလေးတွေ ထည့်သွင်းထားပြီး Woodfree 80 အထူ / စက္ကူအဖြူ အထူ အချောသားနဲ့ ရိုက်နှိပ်ထားတာကြောင့် ကာတွန်းပုံလေးတွေနဲ့စာသားရောင်စုံလေးတွေကိုလည်း ထင်ထင်ရှားရှား တ၀ကြီး ဖတ်ရှုရမှာပါ။

 

ဒီစာအုပ်လေးကို ဖေဖေ မေမေတို့ကိုယ်တိုင် ကလေးတွေကို ဖတ်ပြလို့ အဆင်ပြေသလို သားသားမီးမီးတို့ ကိုယ်တိုင်လည်း ဖတ်လို့ရပါတယ်။ စာအုပ်လေးရဲ့ နောက်ဆုံးမှာလည်း အင်္ဂလိပ်လို ဖတ်ချင်တဲ့ ကလေးတွေအတွက် လေ့လာလို့ရအောင် အင်္ဂလိပ်ဘာသာနဲ့ ပါ၀င်ပြီး ဦးနှောက်ဉာဏ်ရွှင်အောင် လေ့ကျင့်ဖို့ အတွက်လည်း လေ့ကျင့်ရန် သင်ခန်းစာလေးတချို့ပါဝင်ထားပါတယ်။

စာမျက်နှာ

35(မြန်မာ+အင်္ဂလိပ်)

စာအုပ်အရွယ်အစား

7.9 x 0 x 7.8 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 ဇွန်လ (ပထမအကြိမ်)

23 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဉာဏ်ကောင်းတဲ့နှံကောင်လေး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဆရာမယဉ်ယဉ် စာအုပ်များ