ဂေါ်ဋီကာ
4000 (ကျပ်)
ဤ၀တ္ထုများသည် လွန်ခဲ့သော ၁၀ နှစ်ကျော် ၁၅ နှစ်ကဖြစ်လေရာ၊ ပြန်လည်ဖတ်ကြည့်မိသည်၌ ရှေးဖြစ်ဟောင်းတို့ကိုပြန်ပြောင်း သတိရမိတော့သည်။ တကယ့်အဖြစ်အပျက်များ မဟုတ်သော်လည်း စိတ်ကူးယဉ် ဇာတ်လမ်းတွင် ထည့်ရေးထားသော သူတို့မှာ ကျွန်တော်၏ ခင်မင်လှစွာသော ရေးဖော် ရေးဖက်များ ဖြစ်ချေသည်။ သန်းဆွေ ၊မင်းရှင်၊မောင်ကြည်လင်၊ ကျော်အောင်၊အော်လင်း၊ မြသန်းတင့် ၊ ထိုစဉ်က သူတို့သည် လူပျိုများဖြစ်ကြသည် ယခုမူကား သန်းဆွေနှင့် မောင်ကြည်လင်တို့က သေကြပြီ။ ကျန်လူများကား မယားမက၊ သားသမီးများပါရကြ၍၊အချို့မယားကွာ မုဆိုးဖို အဖြစ်သို့ ရောက်ဖူးသူပင် ရှိနေချေပြီ။ ဤ၀တ္ထုများထဲတွင် ဖော်ပြပါ ကျွန်တော်နှင့်ရွယ်တူ လူယ်များသာမက (ကွန်လွန်သူ) ဆရာကြီးမဟာဆွေ၊မသေသေးသူ ဆရာရန်အောင်၊ဆရာတက်တိုး စသည်တို့ပါ၊ပါဝင်လေရာ သူတို့အား နောက်ပြောင်ခြင်းကို ဟာသအဖြစ်နှင့် ကြည်ဖြူစွာခွင့်လွှတ်ခဲ့ကြပါ၏။ယင်းကို အမှတ်တရအဖြစ် တစ်ခေတ်က ဟာသအနေနှင့် ပြန်လည်ထုတ်ဝေလိုက်ပါ၏..။
(စာရေးသူ၏အမှာစာမှကောက်နှုတ်ထားပါသည်။)
ဆရာကြီးသော်တာဆွေ၏ ဟာသမြောက်မြောက် ထင်ရှားခဲ့သော စာအုပ်တစ်အုပ် ဖြစ်ပါသည်။
စာအုပ်အရွယ်အစား | 5.3 x 0.2x 8.2 inches |
---|---|
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2022 မေလ |
စာမျက်နှာ | 195 |
7 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ