The Good Post

Unknow Author
( 0 မှတ်ချက်)

8000 (ကျပ်)

ညစ်နွမ်းနေတဲ့ ရွှံ့နွံထဲမှာတောင် ကြည်လင်သန့်စင်တဲ့ ကြာညိုပန်းဟာ ပွင့်လန်းနိုင်ပါတယ်။ ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ မကောင်းတဲ့ အဖြစ်အပျက်တွေကြားမှာပဲ ကိုယ့်ရပ်ရွာ၊ ကိုယ့်အိမ်နီးချင်း၊ ကိုယ့်တိုင်းပြည်ကောင်းမွန်စေဖို့ စေတနာကောင်းနဲ့ ဆောင်ရွက်ပေးနေတဲ့လူတွေ၊ အစုအဖွဲ့တွေကလည်း သူ့နေရာနဲ့သူရှိပါတယ်။ ဒီလိုအပြုအမူတွေကို The Good Post အယ်ဒီတာအဖွဲ့က လူသားဆန်မှု မျက်နှာစာလို့ နာမည်ပေးထားပါတယ်။ လူသားများဟာ အဆိုးတွေကို လုပ်မိတာရှိသလို စိတ်ချမ်းသာစရာ အကောင်းလေးတွေကိုလည်း လုပ်နိုင်ပါတယ်။

စိတ်ချမ်းသာစရာ သတင်းကောင်းလေးတွေ၊ ဇာတ်လမ်းကောင်းလေးတွေကို ဖတ်ရှုမယ်ဆိုရင် အကောင်းမြင်၊ ပျော်ရွှင်၊ စိတ်ချမ်းသာမှုတွေ ရနိုင်ပါတယ်။ မကောင်းတဲ့ စိတ်ခံစားချက်တွေရဲ့ ဖိစီးမှုကနေ သက်သာပြီးတော့ စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သူတစ်ပါးအပေါ်ပိုမိုနားလည်ခံစားပေးတတ်လာပြီး ရပ်ရွာအသိုက်အဝန်းရဲ့ စည်းလုံးချစ်ကြည်တဲ့ စိတ်ဓာတ်ကို တိုးတက်လာစေတယ်။

ယခုစာအုပ်ထဲတွင် အားကျစရာ၊ စိတ်ချမ်းသာစရာ ကြိုးစားအားထုတ်ကြပုံအကြောင်းလေးတွေကို နိုင်ငံတကာနဲ့ ပြည်တွင်းကနေ စုဆောင်းပြီး ဇာတ်လမ်းလေးတွေအဖြစ် သရုပ်ဖော်ပုံလေးတွေနဲ့အတူ ရေးသားဖော်ပြထားပါတယ်။

ကောင်းမွန်တဲ့ အပြုအမူလေးတွေအကြောင်း The Good post ကို ဖတ်ရှုရင်း ဇာတ်လမ်းလေးတွေထဲကနေ ကောင်းမွန်တဲ့ စိတ်နေစိတ်ထား၊ အပြုအမူလေးတွေ ပျိုးထောင်နိုင်မှာဖြစ်ပါတယ်။

စာမျက်နှာ

107

စာအုပ်အရွယ်အစား

5.8 x 0.3 × 7.9 inches (Hard Cover)

ပုံနှိပ်မှတ်တမ်း

Third Story ၊ 2023 မေလ (ပထမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“The Good Post” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *