ပန်းနဲ့လုပ်ထားတဲ့ တစ္ဆေ

( 0 မှတ်ချက်)

8500 (ကျပ်)

မြန်မာစာပေလောက ၊ ကဗျာလောကရဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်သလို မြန်မာကဗျာလောကရဲ့ အရေးပါခဲ့တဲ့ တော်လှန်ကဗျာ ခေတ်မှာ ပါဝင်ခဲ့သူ။ ပြီးတော့ မြန်မာစာပေလောကရဲ့ တန်ဖိုးတစ်ခုဖြစ်တဲ့ ပိတောက်ပွင့်သစ်မဂ္ဂဇင်းကို တည်ထောင် ထုတ်ဝေခဲ့သူ ဆရာမောင်စိမ်းနီရဲ့ စကားပြေတချို့ကို စုစည်းထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစကားပြေတွေဟာ မဟေသီမဂ္ဂဇင်းမှာ ၂၀၀၄ ကနေ ၂၀၀၇ အထိ ဆရာရေးသားသွားခဲ့တဲ့ စကားပြေတွေပါပဲ။ တချို့က အက်ဆေးဆန်ဆန် ၊ တချို့က ဝတ္ထုတိုဆန်ဆန်။ ဘာပဲဖြစ်ဖြစ် ကဗျာဆရာရဲ့ စကားပြေမို့ နုရွနေတဲ့ အလင်္ကာတွေ၊ ထိရှတဲ့ နိမိတ်ပုံတွေနဲ့ အရသာရှိနေပါတယ်။ ဆရာဟာ သူ့ရဲ့ဘဝခရီး၊ စာပေခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖြစ်အပျက်တွေ၊ သူရဲကောင်းတွေနဲ့ သူရဲဘောကြာင်သူတွေအကြာင်းကို တို့ထိရေးဖွဲ့ထားတဲ့ စကားပြေတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူ နှစ်ပရိစ္ဆေဒများစွာ ဖြတ်သန်းခဲ့တဲ့ မြန်မာစာပေလောကကို မှတ်တမ်းတင်ထားခဲ့တာပါပဲ။ ဆရာ ဒီစကားပြေတွေ ရေးနေချ်ိန်တုန်းက ကျနော်တို့တစ်တွေ ရင်တခုန်ခုန် စောင့်ဖတ်ခဲ့ကြရတယ်။ အခုတော့ အဲဒီစကား​ပြေတွေကို ဆရာကွယ်လွန်ပြီး ၆ နှစ်အကြာမှာ စုစည်းထုတ်ဝေလိုက်ပါပြီ။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ စာအုပ်စင်မှာ တင်ထားပြီး ဂုဏ်ယူထိုက်သလို အချင်းချင်း လက်တို့ပြီး မျှဝေသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

စာမျက်နှာ

286

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

Mr Book စာပေ၊ 2023 ဇန်နဝါရီလ (ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပန်းနဲ့လုပ်ထားတဲ့ တစ္ဆေ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မောင်စိမ်းနီ စာအုပ်များ