တစ္ဆေညရဲ့သန်းခေါင်ယံ
5000 (ကျပ်)
အဘိုးအဘွားတွေပြောတာကို နားထောင်ရင်းဖြစ်ပေါ်လာတဲ့ အမျိုးမျိုးသောခံစားမှုရသတွေကိုလည်း အင်မတန်နှစ်ခြိုက်သဘောကျသူပါ။ ဒီနေ့ခေတ်အချိန်မှာတော့ ခေတ်မီလာတဲ့ နည်းပညာမြင့်အသုံးအဆောင်တွေကြောင့် မိသားစုစကားဝိုင်းတွေ ကြဲပါးသွားသလို လူကြီးတွေက ကလေးငယ်တွေကို ပုံပြင်ပြောခြင်း၊ စကားစမြည်ပြောတဲ့ အလေ့အကျင့်တွေလည်း နည်းပါးလာပြီဖြစ်တာတွေ့ရတယ်။ စာစရေးဖြစ်တဲ့ ရည်ရွယ်ချက်ကလည်း စာရေးသူလို ပရလောက ဖြစ်ရပ်ဆန်းတွေကို နားထောင်ရတာ စိတ်ဝင်စားသူတွေအတွက် ငယ်ဘ၀ရဲ့ အမှတ်တရခံစားမှုလေးတွေပြန်ရစေချင်ခြင်းစာဖြစ်ပါတယ်။ဒီစာအုပ်လေးဟာစာရေးသူဆီကို အနယ်နယ်အရပ်ရပ်က ပေးပို့ပြောပြလာတဲ့ ပရလောက ကိုယ်တွေ့ဖြစ်ရပ်ဆန်းတွေကို အခြေခံပြီး ဖန်တီးရေးသားစုစည်းထားတဲ့ စာအုပ်တစ်အုပ်လည်းဖြစ်တယ်။စာဖတ်သူတို့အတွက်ပရလောကဖြစ်ရပ်ဆန်းတွေကို စာဖတ်ရတယ် ဆိုတဲ့ခံစားချက်ထက်တစ်ယောက်ယောက်က ဘေးနားမှာ လာပြောပြနေသလိုခံစားချက်မျိုး ရစေချင်တာမလို့ပေါ့ပေါ့ပါးပါး အရေးအသားနဲ့သာရေးသားဖော်ပြထားပါတယ်။
စာမျက်နှာ | 167 |
---|---|
စာအုပ်အရွယ်အစား | 5.5× 0.3×8.1 inches |
ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2022 အောက်တိုဘာလ (ပထမအကြိမ်) |
7 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ