သတိပေးချက်လေး ခပ်ငယ်ငယ်

( 0 မှတ်ချက်)

6000 (ကျပ်)

♥️ ဒီစာအုပ်လေးက တစ်ယောက်တည်း ရှင်သန်နိုင်ဖို့အတွက်ဖြစ်ပါတယ်…

ဒီကာလကြီးထဲ အိပ်ရာရဲ့အလယ်မှာ အဖော်မရှိ တစ်ကိုယ်တည်း ဘယ်လိုနိုးထရမလဲဆိုတာ သင်ယူဖို့၊ ဗလာဖြစ်မှုထဲမှာ မျှော်လင့်ချက်ဆိုတာကို ရှာဖွေတွေ့ရှိနိုင်ဖို့၊ တိတ်ဆိတ်မှုထဲမှာ မျှော်လင့်ချက်ထားတတ်စေဖို့၊ ဘဝဆိုတာကြီးထဲ ခြေဆန့်ပြီး ကိုယ့်ကိုယ်ကိုယ် နေရာပေးနိုင်စေမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်တတ်စေဖို့ဆိုတဲ့ အရာတွေအတွက် ….
သင့်အတွက် သတိပေးချက်လေးတွေ ပေးနေမှာပဲဖြစ်တယ်။

ဒဏ်ရာအနာတရတွေနဲ့စိတ်ကို ကုစားဖို့ …
ဘဝခရီးလမ်းမှာ လျှောက်လှမ်းရင်း ပင်ပန်းခြင်းတွေကို အရှိန်လျော့စေဖို့…
အထီးကျန်စေတဲ့စိတ်တွေကို သက်သောင့်သက်သာဖြစ်စေဖို့…
အသဲကွဲနေတဲ့ မင်းနှလုံးသားလေးကို အဆင်ပြေစေဖို့…
မင်းရဲ့အနာဂတ်မှာ ရှိနေသေးတဲ့ မျှော်လင့်ချက်တွေကို …အရင်းနှီးဆုံး သူငယ်ချင်းတစ် ယောက်က ဘေးနားမှာ အဖော်ပြုပြီး တဖွဖွ ပြောပေးနေသလိုမျိုး.. သတိပေးချက်ခပ်ငယ်ငယ်လေးတွေကို …
ကြားယောင်စေနိုင်မယ့် Gentle Reminder လေးပါ။

ဒီခေတ်ကာလကြီးမှာ တစ်ယောက်တည်း ရုန်းကန်ရမှုတွေ သိပ်များပါတယ်။ စိတ်ဓါတ် တွေဟာ ကျသွားလိုက်…ကိုယ့်ကိုယ်ကိုယ် သတိလေးပေးပြီး ကုန်းထလိုက်နဲ့… အဆင်ပြေ အောင်ဆက်သွားနေရတဲ့ အချိန်တွေပေါ့။

📖 ဒီအချိန်မှာ …ဒီလို စာအုပ်မျိုးလေးကို စာဖတ်သူက တစ်ထိုင်တည်း ပြီးအောင် ဖတ်လိုက်တာထက်… စိတ်ပင်ပန်းလာရင် ကိုယ့်ကိုယ်ကိုယ် ခဏအနားပေးပြီး ကော်ဖီလေးတစ်ခွက်နဲ့ စာမျက်နှာ အနည်းငယ်ကို ဖြည်းဖြည်းချင်းဖတ်လိုက်.. ပေးထားတဲ့ သတိပေးချက်လေးတွေကို သေချာတွေးတောပြီး… ရှင်သန်မှုတွေကို slow living လေးနဲ့ ဖြတ်သန်းလိုက်တာဟာ ရှေ့ဆက်မယ့် နေ့ရက်တွေအတွက် ခွန်အားသစ်တွေ ပြန်လည်ရရှိစေနိုင်မှာပါ။

📝ဒီစာအုပ်လေးဟာ လူငယ်တွေကြား ရေပန်းစားခဲ့တဲ့ A Gentle Reminder ဆိုတဲ့စာအုပ်လေးကို နာမည်ရစာရေးဆရာ ‘မြူနှင်းဝေ’က သတိပေးချက်လေး ခပ်ငယ်ငယ်အဖြစ် ဘာသာပြန်ပေးထားတာပါ။

စာမျက်နှာ

128

စာအုပ်အရွယ်အစား

6 x 0.3 x 8.5 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာအုပ်တိုက်၊ 2024 မေလ (ပထမ-ကြိမ်)

58 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သတိပေးချက်လေး ခပ်ငယ်ငယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မြူနှင်းဝေ စာအုပ်များ